Part -16

115 8 0
                                    

"ရှင်းသန့် မင်းအခုထိမအိပ်သေးဘူးလားဟင်"

အဆောင်ပေါ်ကကျောင်းသားတွေအကုန်လုံးလည်းအိပ်မောကျနေကြပြီးအသက်ရှူသံများမှတစ်ပါးအပ်ကျသံကစမကြားရချေ။နာရီကြည့်မိတော့မနက်2နာရီတောင်ရှိနေပေ၊ရဲရင့်ကိုယ်တိုင်လည်းတစ်နိုးရေးနိုးတာဖြစ်ပြီးအိပ်ယာဘေးကိုလက်ဖြစ်စမ်းကြည့်မိတော့အေးစက်နေကာဘယ်သူမှမရှိသည်မို့ထထိုင်ပြီးရှာမိတော့စာရေးခုံမှာအခုထိစာလုပ်နေတဲ့သူကိုသာတွေ့ရသည်၊တစ်ရေးမှမအိပ်ရသေးဘူးလားမသိဘူး။

"ဟင်လို့....မအိပ်ရသေးတာလား၊တစ်ရေးနိုးစာထလုပ်တာလား"

"မအိပ်ရသေးတာ.....မင်းကောထပ်မအိပ်တော့ဘူးလားရဲကို"

"ဟင့်အင်း မင်းအနားမှာအဖော်လုပ်ပေးမယ်"

ရဲရင့်လည်းထပ်မအိပ်ချင်တော့သည်မို့စာလုပ်နေသူအနားသွားထိုင်ကာအဖော်လုပ်ပေးလိုက်၏။ရိုးမဘော်ဒါဆောင်ရဲ့စာအလုပ်ဆုံးလူရည်ချွန်လေးကိုပြပါဆိုလျှင်ရှင်းသန့်အောင်ကိုသာလက်ညှိုးထိုးပြရပါလိမ့်မည်။အခုချိန်ထိတစ်ရေးမှမအိပ်ပဲစာလုပ်နေနိုင်တာကိုတော့လေးစားမိပါသည်။ဟိုဘက်ကုတင်ကဖြိုးပြည့်တို့ကိုကြည့်လိုက်တော့လည်းလည်​မြိုကိုဆင်တက်နှင်းသွားရင်တောင်သိမှာမဟုတ်ခြေကားယားလက်ကားယားနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်နေကြသည်။

"ရှင်းသန့်..... မင်းဆီကရတဲ့ကိုယ်သင်းနံ့လေးကိုအရမ်းသဘောကျတာပဲ"

"အင်း.....စကားဝါပန်းအနံ့လေအမွှေးအိတ်သိတယ်မလား"

"ဟင်........အမွှေးအိတ်ဆိုတော့အောင်ပန်းမှာစကားဝါပန်းစိုက်လို့ရလို့လား"

"အောင်ပန်းမှာမစိုက်ဘူးအမွှေးအိတ်တွေလုပ်တော့မယ်ဆိုရင်ပုပ္ပါးကစကားဝါပန်းခြံကနေတိုက်ရိုက်သွားခူးကြတာ"

စဝ်နန်းမြိုင်စံအိမ်တော်ကမျိုးရိုးစဥ်ဆက်အမွှေးရနံ့ကိုစကားဝါပန်းအနံ့ကိုအသုံးပြုကြသည်။အိမ်ကြီးသခင်များမှစ၍အစေခံများအထိထိုရနံ့ကိုသာသုံးကြရသည်။ပုပ္ပါးမှာရှိတဲ့စကားဝါခြံတွေကနေပန်းများကိုတိုက်ရိုက်ခူးပြီးတော့အမွှေးအိတ်များကိုပြုလုပ်ကြရသည်။ထို့ကြောင့်ရှင်းသန့်ရဲ့ကိုယ်သင်းအနံ့ကလည်းစကားဝါပန်းအနံဖြစ်နေတာမဆန်းတော့ပေ။ရဲကိုကတော့စကားဝါပန်းအနံ့ကိုသဘောကျဟန်ရှိနေကာနောက်တစ်ခါစံအိမ်တော်ကဖုန်းဆက်လို့ရှိရင်အမွှေးအိတ်တွေထပ်လာပေးဖို့ပြောရအုံးမည်ပင်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now