Part -30

123 8 2
                                    

"မ"

"မျိုးဇင်ဦး "

"ဟို ကျွန်တော် မ ဆီကအဖြေတောင်းထားတာလေးလေ စဥ်းစားပြီးပြီလားဟင်"

သူ အမမေသစ္စာနွယ်ဆီကအဖြေတောင်းထားတာဒီနေ့ကောဆိုသုံးလပြည့်ပြီ။အရမ်းကိုတန်ဖိုးထားလွန်းလို့သူမဆီကအဖြေကိုစိတ်ရှည်လက်ရှည်အခုချိန်ထိစောင့်ခဲ့ချေ။သူမဆီကရမယ့်အဖြေကိုသိပေမယ့်သူမကိုယ်တိုင်ပြောလာမယ့်စကားလေးကိုသာကြားချင်သည်။သူ့အချစ်တွေကစစ်မှန်ခဲ့တာမို့ရလာမည့် result ကလည်းကောင်းမည်။

"တို့လည်းမင်းကိုသဘောကျပါတယ်"

"ဗျာ...ဟုတ် "

သူမလည်းသဘောကျရတာမို့ဒီကောင်လေးကိုအဖြေပြန်ပေးလိုက်သည်။ဒီကောင်လေးကိုချစ်လိုက်လို့သူမနစ်နာသွားမှာတစ်ခုမှမရှိ၊အလတ်တန်းလူတန်းစားဖြစ်ပြီမျိုးရိုးနှစ်ဖက်လုံးကပါပညာတတ်မျိုးရိုးတွေပင်။ပြုံးချိုချိုလေးတွေနဲ့ချစ်စရာကောင်းအောင်ပြောတတ်သောဒီကောင်လေးကြောင့်လည်းသဘောကျရသည်။ပြီးတော့ဖြိုးပြည့်နဲ့လည်းပြိုင်ထားကာဒီပွဲမှာသူမအနိုင်ရလေသည်။

"မောင်"

"ဗျာ.....ဗျာ"

"တို့ကမင်းနဲ့ချစ်သူတွေဖြစ်သွားပြီးဆိုတော့အသက်ငယ်တဲ့မင်းကိုမောင်လို့ခေါ်မယ်ရတယ်မလား"

"ဟုတ်....ဟုတ် ရတယ်ပါတယ်"

သူမဆီကခေါ်လာတဲ့နာမ်စားလေးကြောင့်မျိုးဇင်ဦးမှာပို၍ပင်အသည်းယားသွားရပြန်သည်။သူ့ရဲ့မကအရမ်းကိုချစ်ဖို့ကောင်းသလိုသိပ်လည်းမြန်မာဆန်လေချေ။အမြဲကျစ်ဆံမြီးလေးနှစ်ဖက်ကျစ်ထားပြီဖဲကြိုးအစိမ်းတပ်ကာပါးကွက်ကြားလေးအမြဲလိမ်းသောသူမကိုမြတ်နိုးရပါသည်။

ကလောင်! ကလောင်!

"ဟုတ် ပြီမောင် တို့သွားရတော့မယ်ကျောင်းတက်ခေါင်းလောင်းတီးလာပြီ မောင်လည်းဝယ်စရာရှိတာဝယ်ပြီးပြန်တော့နော်"

"ဟုတ်ကဲ့ပါဗျ"

အားလပ်ချိန်ဆင်းမျိုးဇင်ဦးတို့မုန့်စျေးတန်းသို့သွားကာဆိုင်ထိုင်မုန့်စားနေကြတုန်းမုန့်လာဝယ်တဲ့သူမကိုတွေ့သည်မို့ဆိုင်ကထကာသူမဆီသွားပြီးအဖြေသွားတောင်းရသည်။ရလာသည့်အဖြေကအရမ်းကိုရင်ခုန်ဖို့ကောင်းတာဖြစ်ချေ။ကျောင်းတက်ခေါင်းလောင်းတီးလာ၍ပြန်သွားပြီဖြစ်သောသူမရဲ့ကျောပြင်ကိုငေးကြည့်ရင်းဆိုင်ထိုင်နေတဲ့ဟိုကောင်တွေဆီသွားပြီးပြန်ဖို့ပြောရမည်။မကပြန်တော့မို့ပြောလိုက်သည်မလား။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now