Part-6

202 16 1
                                    

မနက်4နာရီတိတိတွင်ရိုးမဘော်ဒါဆောင်၌ကျောင်းသူကျောင်းသားများအကုန်နိုးကျကာမိမိတစ်ကိုယ်ရည်သန့်ရှင်းရေးများအသီးသီးလုပ်နေကြသည်။မီးရောင်ခပ်ပြပြနဲ့ရှိပြီးညအမှောင်မပြယ်သေးတာမို့ဓာတ်မီးများဖွင့်ပြီးမိန်းခလေးများကမိမိတို့မိန်းခလေးသီးသန့်အဆောင်တွင်ပြုလုပ်ပေးထားသောရေချိုးကန်တွင်မျက်နှာသစ်၊သွားတိုက်အထွေထွေလုပ်နေကြပြီးထိုနည်းတူစွာယောကျ်ားလေးသီးသန့်ဆောင်တွင်လည်းရေခွက်များကန်အတွင်းခပ်သံ၊ချသံများဖြင့်ဆူညံနေကြသည်။

ရိုးမအဆောင်တွင်သာနေသောဂိုက်ဆရာလေးဖိုးပြည့်မှာလည်းရေကန်မှအမြန်ပြန်လာကာမနိုးသေးသောကျောင်းသားများကိုအဆောင်ပေါ်တက်ကာနိုးရ၏။အခုမှထကာအိပ်ယာများခေါက်သိမ်းနေသောရဲရင့်ကိုတို့အဖွဲ့ကာသူ့ကိုမြင်တော့စပ်ဖြဲဖြဲနဲ့ပြုံးပြလာသည်။

ရိုးမဘော်ဒါဆောင်တွင်ကျောင်းသားများကမနက်4နာရီတွင်ထရပြီးတစ်ကိုယ်ရည်သည်နှင့်နာရီဝက်ဘုရားဝတ်တတ်ရသည်။ငါးနာရီထိုးသည်နှင့်စာသင်ဆောင်အတွင်းသို့ဝင်ကာစာများသင်ရပြီးမနက်8နာရီတွင်စာသင်များပြီးစီးကာမနက်စာစားရပြီး8:30တွင်ကျောင်းတော်ကြီးသို့သွားကြရသည်။

"ဟေ့ကောင်...ဝေလွင်ဦးကျားသားမိုးကြိုးသနားခါးတွေတောင်လူးလို့ပါလားကွ"

"crushလေးကမနက်တိုင်းသနပ်ခါးလူးတယ်လေကွာ...coupleဖြစ်အောင်လို့..ဟဲဟဲ"

ဖြိုးပြည့်နဲ့ရဲရင့်ကဝေလွင်ဦးကိုမနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်ကာပြိုင်တူခေါင်းရမ်းမိလေသည်။

"ဟိုကဖြင့်....သူ့ကိုစောက်ရေးတောင်မလုပ်ဘူးစော်ကြီးနဲ့ကွ...မျှော်လင့်မနေနဲ့"

"မျိုးဇင်ဦး မင်းကလည်းကွာ ငါသိပါတယ်ဒါပေမယ့်အချစ်ဆိုတားဆီးပိတ်ပင်လို့မှမရဘဲဟာ"

ပြောပြီးမှစိတ်မကောင်းဖြစ်လာတဲ့မျိုးဇင်ဦးသူအတင်ပြောလိုက်တာမဟုတ်ပေမယ့်နှုတ်ကအလိုအလျောက်ထွက်သွားရဖြစ်ပြီးသူ့သူငယ်ချင်းကိုစိတ်မကောင်းဖြစ်စေဖို့မရည်ရွယ်ခဲ့ပါဘူး။ဝေလွင်ဦးကဆရာလေးဖိုးပြည့်ကိုသူတို့ဒီဘော်ဒါဆောင်ကိုစရောက်တဲ့အရင်နှစ်ထဲကသဘောကျလာခဲ့ပေမယ့်အသက်ငယ်သေးတာရယ်ဆရာ၊တပည့်ဆိုတဲ့စည်းကကာဆီးထားတာရယ်ကြောင့်နှုတ်ဆိတ်၍သာနေခဲ့ပေ။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now