Part -8

186 14 0
                                    

"ကြည်ဖြူနိုင်....နင်ကလည်းဟာလူကိုကြည့်တာစောင်းကန်းစောင်းကန်းနဲ့ဘာဖြစ်လာတာလဲ"

"သူ...ပိုးဟပ်ဖြူဆိုတဲ့ကောင်မနဲ့ရန်ဖြစ်လာတာဟ"

မြသက်ဝေကဝင်ပြောသည်။ကြည်ဖြူနိုင်နဲ့မြသက်ဝေကရဲရင့်တို့အဖွဲ့နှင့်သာပေါင်းသောမိန်းမခလေးနှစ်ဦးဖြစ်သည်။မြသက်ဝေကဝေလွင်ဦးရဲ့တစ်ဝမ်းကွဲညီမမို့ရဲရင့်တို့နှင့်ငယ်ငယ်ထဲကသိသည်။ကြည်ဖြူနိုင်ကတော့မနှစ်ကမှခင်သောသူငယ်ချင်းမလေးဖြစ်၏။

ကြည်ဖြူစိတ်တိုလာသည်မို့တွေ့သမျှလူတိုင်းကိုစောင်းကန်းကန်းသာကြည့်မိသည်။ကြည်ဖြူကအရပ်ရှည်ရှည်နှင့်အသားရည်တွေကတမူထူးစွာဝင်းနေသည်။မိန်းမချောလေးမို့ကောင်လေးအများစုကကြိုက်ကြပေမယ့်မိန်းမတွေပဲကြိုက်တာဟုလာပိုးသမျှကောင်လေးတိုင်းကိုပြောလွှတ်၏။ယောကျ်ားလေးတွေနဲ့ပေါင်းတာအများအမြင်မှာမသင့်တော်ပေမယ့်ကြည်ဖြူကတော့ရဲရင့်တို့အဖွဲ့နဲ့ညီအမတွေလိုသဘောထားကာပေါင်းသင်းလေသည်။ပြီးတော့မွေးရာပါအကျင့်တစ်ခုကတွေ့သမျှယောကျ်ားလေးများကိုလင်လိုက်ပေးစားတတ်သေးသည်။သူရဲ့အဓိက ship တွေကတော့သူ့သူငယ်ချင်းလေးတွေဖြစ်တဲ့မျိုးဇင်ဦးနှင့်ဖြိုးပြည့်၊ရဲရင့်ကိုနဲ့ရှင်းသန့်အောင်ဆိုတဲ့အောင်ပန်းသားအချောလေးတို့သာဖြစ်သည်။

ပိုးဟပ်ဖြူဆိုတဲ့ကောင်မနဲ့ရန်ဖြစ်လာတာကသူ့ခန္ဓာကိုယ်လှတာကိုမနာလိုဖြစ်ကာရန်စကားလာပြော၍သာဖြစ်ချေ။

"နင်ကအရပ်ရှည်ပြီးခန္ဓာကိုယ်ကလည်းပြားကပ်ကပ်နဲ့ကြည့်ရဆိုးလိုက်တာ"

"ပိုးဟပ်ဖြူ...!!နင်ဘာပြောတယ်"

"မဟုဘူးလား...ငါ့ခန္ဓာကိုယ်ကြည့်လေဂီတာရှိတ်လေးနဲ့တူဘူးလား"

"ဟားဟား...ဂီတာရှိတ်တဲ့..မယ်ဒလင်မ..ကိုယ့်ဘာသာပြန်ကြည့်ပြီးအခြားသူတွေကိုမေးကြည့်အုံး"

ဘေးနားကလူတွေကလည်းကြည်ဖြူနိုင်ဘက်ကပင်သူ့ဘေးကသူငယ်ချင်းကနင်လမ်းလျှောက်တာကားတားကားတားနဲ့ယောကျ်ားကြီးနဲ့တူတယ်လို့ပြောလိုက်တော့ပိုးဟပ်ဖြူမှာအရှက်ကွဲလေပြီးဆွေ့ဆွေ့ခုန်ဖြစ်နေလေပေ။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Kde žijí příběhy. Začni objevovat