Part -22

109 9 1
                                    

အပင်အောက်ရောက်သည်နှင်ဆွဲကိုင်လာတဲ့လက်လေးကိုလွှတ်ပေးလိုက်ကာသူဘယ်ကနေဘယ်လိုစပြောရမှန်းမသိအောင်အာစေးမိလာသည်။သို့ပေမယ့်မပြောလို့လည်းမဖြစ်.မဟုရင်ဒီကောင်လေးကသိမှာမဟုတ်ချေ။

"မျိုးဇင်ဦး...."

"ဟင်"

"အကယ်၍လေငါကမဖြစ်နိုင်တဲ့အရာတစ်ခုကိုလိုချင်နေမိရင်ရော....ဘယ်လိုလုပ်ရပါ့မလဲ"

မျိုးဇင်ဦး ဖြိုးပြည့် ကိုကြည့်ရတာမွေးနေ့လက်ဆောင်ကိုပြောမယ့်ပုံမဟုတ်အခြားတစ်ခုခုကိုသာရည်ညွှန်းပြီးပြောနေသလိုခံစားရသည်။ဘာလည်းဒီကောင်ကဒီအထိခေါ်ထုတ်လာပြီးတော့သူ့ကြိတ်ကြိုက်နေတဲ့ကောင်မလေးအကြောင်းပြောမို့လား....ဒါပေမယ့်သူ့ကြိတ်ကြိုက်နေတဲ့ကောင်မလေးရှိတယ်လို့မကြားဘူးပါဘူး....သို့ပေမယ့်ဒီကောင်ကအဲ့လိုဘက်ကိုရည်ညွှန်းနေသလိုဖြစ်နေသောကြောင့်။

"မင်းလိုချင်တဲ့အရာကိုတကယ်တန်ဖိုးထားပါရဲ့လားပြီးတော့အဲ့ဒီအရာကကောမင်းဆီလာချင်ပါ့မလား၊မင်းပြောသလိုမဖြစ်နိုင်တဲ့အရာဆိုရင်သေချာပေါက်မဖြစ်နိုင်လို့ပေါ့အချို့အရာတွေကမျှော်လင့်တိုင်းလည်းမကောင်းဘူးကွ"

ဖြိုးပြည့် မှာပြောစရာစကားပင်ပျောက်ရှသွားရသည်။ဒါပေမယ့်သူကြိုးစားကြည့်ချင်သေးသည်။

"ငါကြိုးစားကြည့်ရင်ကော...ဟင်..မျိုးဇင်ဦး ငါကြိုးစားကြည့်ရင်ကော"

တကယ်ပင်ကောင်မလေးကိစ္စပဲ...ဘယ်ချိန်ထဲကလျှိုထားတာလဲမသိဘူး.......သူ့ကြည့်ရတာတဖက်သတ်ထင်သည်သူမေးတာကိုလည်းပြန်ဖြေပေးရမည့်ဝတ္တရားကလည်းရှိသေးတာကြောင့်သိချင်စိတ်ကိုမြိုချပြီးပြန်ဖြေလိုက်ရပြန်တယ်။

"မင်းနောင်တမရမှာသေချာရဲ့လား....ဒါတွေပဲမေးမှာဆိုငါမုန့်သွားစားတော့မယ်"

ထွက်သွားဖို့ပြင်နေသောပုံရိပ်လေးကိုအမိအရလက်ကလေးကိုဖမ်းဆုပ်လိုက်ပြီးရှိသမျှသတ္တိတွေအကုန်လိုက်စုလိုက်မိသည်။မုန်းချင်လည်းမုန်းပါစေလေ။

"ငါ....ငါလေ..ငါမင်းကိုသဘောကျတယ်"

နွေခေါင်ခေါင်ကြီးခေါင်းတည့်တည့်ကိုမိုးကြိုးပစ်ချလိုက်သလိုပင်။သူနဲ့ဖြိုးပြည့်ကအဲ့လိုဖြစ်လို့မရဘူးလေသူတို့ကသူငယ်ချင်းတွေ၊ပြီးတော့လိင်တူတွေဖြစ်ကြသည်။သူလိင်တူတွေချစ်မြတ်နိုးတာသိပေမယ့်သူကိုယ်သူတော့လက်သင့်မခံနိုင်ပေ။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Opowieści tętniące życiem. Odkryj je teraz