Part -7

185 13 0
                                    

"ဖိုးပြည့်ကျောင်းသားတွေကိုနေ့လည်1နာရီမှမြို့ထဲသွားခွင့်ပေးလိုက်နော်"

"ဟုတ်ကဲ့ပါဘော်ဒါမှုး"

ရက်သတ်တစ်ပတ်လုံးစာသင်လာခဲ့ကလေးတွေကိုဘော်ဒါမှုးကတနဂ်နွေနေ့တိုင်းအပြင်ထွက်ခွင့်ပေး၏။အပြင်ကျောင်းသားတွေကစနေ၊တနဂ်နွေပိတ်ရက်ကိုအပြည့်နားရပေမယ့်ရိုးမဘော်ဒါဆောင်ကတော့အချိန်ပြည့်စာသင်နေရသည်။ဒါကြောင့်ကလေးတွေကိုစိတ်လွတ်လပ်ခွင့်ပေးတဲ့အနေနဲ့တနဂ်နွေနေ့တိုင်းအပြင်သွားသည်ဖြစ်စေ၊အိမ်ကမိဘကလာခေါ်သည်ဖြစ်စေခွင့်ပြု၏။နှစ်လတစ်ကြိမ်အိမ်ပြန်ခွင့်လည်းပေးသေးသည်။

ဖိုးပြည့်ကဒီရိုးမဆောင်ကပဲအထက်တန်းအောင်လာသည်မို့ဘော်ဒါမှူးရဲ့တူဖြစ်၍မိမိကိုအောင်မြင်စေခဲ့တဲ့ရိုးမဘော်ဒါဆောင်အားကျေးဇူးသိတတ်သည့်အနေဖြင့်အခကြေးငွေမယူဘဲနေ့ပိုင်း market တစ်ခုရဲ့စာရင်းစစ်အလုပ်လုပ်ပြီးညပိုင်းကျရင်ခလေးတွေကိုစာသင်ပေးသည်။

မနက်ပိုင်းအတန်းဝင်သွားတဲ့ခလေးများပြန်ထွက်လာသည်မို့ဘော်ဒါမှူးကအပြင်ထွက်ခွင့်ပေးကြောင်းကိုပြောရမည်။

"အတန်းအားလုံးကခလေးတွေနေ့လည်1နာရီအပြင်ထွက်ခွင့်ပေးတယ်....."

"ဘယ်နှစ်နာရီလဲဆရာလေးဖိုးပြည့်"

ပြိုင်တူထွက်လာတဲ့ကျောင်းသားကျောင်းသူအသံများ၊တစ်ပတ်မှတစ်ကြိမ်ပဲလွှတ်တာမို့တက်တက်ကြွကြွဖြစ်နေကြပေ။

နေ့လည်1နာရီထိုးတာနဲ့ရဲရင့်တို့မြို့ထဲသွားဖို့လူစုနေကြသည်။ရှင်းသန့်အောင်ကိုရောခေါ်ထားတာမို့ပုံမှန်ထက်ကိုပင်အပြင်သွားဖို့စိတ်အားထက်သန်နေသည်။အောင်ပန်းသားကိုမြို့ထဲအနှံ့လိုက်ပို့ပေးပြီးတော့ရှမ်းပြည်ကိုပြန်ချင်စိတ်ပျောက်ပြီးတပ်ကုန်းသားလုပ်ချင်အောင်ဆွဲဆောင်ရမည်။ရဲရင့်ကိုကိုယ့်အကြံနဲ့ကိုယ်မို့ပြုံးစိစိနှင့်ပင်။

"ငါတို့ဆံပင်သွားညှပ်ပြီးရင်စိုက်ပျိုးရေးခြံထဲသွားရအောင်"

"လာပြန်ပြီစိုက်ပျိုးရေးထဲ....ဟိုတစ်ခါမမှတ်သေးဘူးနဲ့တူတယ်"

ဆည်းလည်းသံလေးချိုလှတယ် (Complete)Wo Geschichten leben. Entdecke jetzt