Part -13

135 8 0
                                    

အထက်တန်းကျောင်း သားဘဝမှာပျော်ရွှင်စရာတွေလည်းရှိသလို၊စိတ်ပျက်စရာ၊ဝမ်းနည်းစရာတွေနဲ့နာကျဥ်းစရားတွေနဲ့လည်းပြည့်နှက်နေတတ်သေး၏။ထိုအရာများအထဲတွင်အချစ်ဆိုတာသည့်အရာသည်အဓိကပါဝင်ပေ။စိတ်ကစားတတ်တဲ့ဆယ်ကျော်သက်အရွယ်ဖြစ်ပေမယ့်အချို့အချစ်တွေသည်ချစ်မှန်ခဲ့ကြပါသည်။ဖြူစင်လွန်းတဲ့အချစ်တွေကြောင့်နောင်တစ်ချိန်တွင်လည်းဖူးစာဖက်များဖြစ်ကြပါစေသား။

***

ပထမဆုံးအကြိမ်စာမေးပွဲဖြေကျရတော့မည်မို့ကျောင်းသား၊ကျောင်းသူအားလုံးစိတ်လှုပ်ရှားနေကြသလို၊ပထမဆုံးအကြိမ်ဆိုပေမယ့်50ရာခိုင်းနှုန်းဖိုးဖြေရမည်မို့စိတ်လည်းညစ်နေကြသည်။ကျောင်းဖွင့်သည်ကနှစ်လတောင်မပြည့်သေး၍သင်ခန်းစာများကသိပ်မမှီသေးသောကြောင့်ယခုမူစာများအချိန်ပြည့်တိုးသင်နေသည်၏။အရင်လိုကာယအချိန်၊စာရိတ္ထအချိန်တွေဆိုလည်းအလွတ်မပေးတော့စာများသာတစ်ယောက်ပြီးတစ်ယောက်လာသင်နေကြချေ။

"ကျောင်းအုပ်ဆရာမကြီးကလည်းကွာအရင်လို25ရာခိုင်းနှုန်းဖိုးပဲဖြေခိုင်းပြီး4နဲ့မြှောက်လိုက်တာမဟုတ်ဘူး"

"အေး....ဟုတ်ပါ့...ဘော်ဒါမှာလည်း Physicsကိုစာမေးပွဲဖြေခိုင်းအုန်းမှာပါဆိုကွာ"

"တကယ်စိတ်တွေပျက်နေပြီ"

"မင်းတို့သုံးကောင်ကလည်းငြီးမနေပါနဲ့....ဝေလွင်ဦး....မင်းကမရဘူးမရဘူးနဲ့ပြီးရင်မင်းပဲအမှတ်တွေများတာ...ခွေးသား"

"ဟုတ်တယ်ခွေးကောင်"2

ရဲရင့်ကောဖြိုးပြည့်တို့ပါဝိုင်းဆဲလာသည်မို့ဝေလွင်ဦးအလိုက်တသိအရှေ့ခုံကိုပြောင်းလိုက်ရသည်။မဟုတ်ရင်ဒီကောင်တွေရဲ့လက်တွေကသူ့ကျောကုန်းပေါ်အလိုလျောက်စနစ်နဲ့ရောက်လာတော့မည်ဖြစ်ပေ။ကိုယ့်ဘာသာကျတော့စာမလုပ်ကြဘဲဝေလွင်ဦးအမှတ်များတိုင်းဒီကောင်တွေရဲ့ဆဲဒဏ်ကိုခံရ၏။ကျောင်းသားသဘာဝတိုင်းမရဘူးလို့ငြီးမိတာသူ့အပြစ်မှမဟုတ်ဘဲ။

ကျောင်းစာသင်တဲ့အချိန်ရာသီဥတုကအုံ့မှိုင်းနှင့်ဖြစ်နေသောကြောင့်ကျောင်းသားအများစုကစာသိပ်စိတ်မဝင်စားဘဲအိပ်ငိုက်သူကအိပ်ငိုက်၊စကားပြောသူကပြော၊သီချင်းညည်းသူကညည်းနဲ့သူတို့ဘာသာသူတော့အဆင်ပြေနေကြသည်။အုံ့မှိုင်းမှိုင်းဖြစ်နေတဲ့အချိန်မှာစာသင်နေတာထက်လက်ရားလက်ရားလုပ်နေရသည်ကပိုကောင်း၏။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now