Part -17

106 5 0
                                    

နောက်ဆုံးတော့အဓိကဘာသာဖြစ်တဲ့Bioနေ့ကိုရောက်လာခဲ့ပြီဖြစ်သည်။စာမေးပွဲဖြေနေတဲ့တစ်ချိန်လုံးဟိုလှည့်ကြည့်ဒီလှည့်ကြည့်နဲ့သာအားလုံးကိုဖြေဆိုလာနိုင်ခဲ့ပေ။စာပြခိုင်းလို့စာပြရရင်ဖြိုးပြည့်ကတော်တော်နဲ့ကြည့်လို့မပြီးကိုယ့်မှာပြလည်းပြရသေးအခန်းစောင့်ဆရာမတွေ့သွားမှာကြောက်ရသောကြောင့်တစ်ခန်းလုံးကိုကျီးကန်းတောင်းမှောက်ရှာသလိုဆရာမကိုလိုက်ရှာနေရရင်းဆရာမရဲ့အရိပ်အခြေကိုသာကြည့်နေရသည်။

"ဖြိုးပြည့် မင်းကြည့်လို့မပြီးသေးဘူးလား"

"နေအုံးကွ ငါ့မှာသေချာကြည့်ပြီးရေးနေရတာ ဟိုဘက်ခုံကမျိုးဇင်ဦးကိုလည်းပြန်ပြရသေးတယ်"

[သတောင်းစားတွေသစ္စာရှိနေလိုက်ကျတာဒင်းတို့အချင်းချင်းဖလှယ်နေကြတာကိစ္စမရှိစာရွက်လိုက်ထောင်ပြနေရတဲ့ငါ့ကိုဆရာမသာမြင်သွားရင်ကျောင်းအုပ်ဆရာမကြီးရုံးခန်းတန်းရောက်မှာလို့ဖအေလေးတွေရဲ့]

မျိုးဇင်ဦး ကိုလည်ပြန်ကြည့်လိုက်တော့လည်းဖြိုးပြည့်ဆီကကူးချလို့ကောင်းနေတုန်းပင်၊တအားဒုက္ခပေးတဲ့ကောင်တွေငယ်ငယ်ထဲကပေါင်းလာတာအခုထိကောင်းကျိုးမပေးသေး၊တစ်ကောင်ကဟိုဘက်အခန်းရောက်သွားလို့တော်သေးသည်ဟုဆိုရမည်။

"ဟေ့ရောင်ဆက်ပြအုံးလေ.....မင်းဖေကိုမြစ်လယ်ရောက်မှလှေပျက်တယ်ဆိုပြီးမကန်ချခဲ့နဲ့လေ"

"ဆရာမလာပြီကွ....."

ဒီကောင်ဖြိုးပြည့်တော့အတင်းတွေသာကူးချနေတာအခန်းစောင့်ဆရာမက role roundလှည့်ပြီးပြန်လာတာကိုကျတော့မမြင်ဘူး။စာမေးပွဲတွင်းကိုစာမကျက်၊ညရောက်ပြီဆိုရင်အဖွဲ့လိုက်သာဖဲကစားနေကြတာ၊မျိုးဇင်ဦးလည်းအတူတူသာ၊စာကျက်လို့ပြောတာလည်းမရဘူးမနက်ရောက်တော့လည်းစာပြန်မနွေး၊ရဲရင့်ကိုကဟိုဘက်အခန်းမှာရှင်းသန့်အောင်ရှိတာကြောင့်ပူစရာမလို၊အခန်းစောင့်ဆရာမကောင်းရင်အေးဆေးပင်၊အဓိကဘာသာကျမှသူတို့အခန်းလည်းသဘောကောင်းတဲ့ဆရာမကမကျ၊ဟိုနှစ်ကောင်ကအလိုက်ကိုတစ်စက်ကလေးမှမသိပင်၊

[ဟာ....သွားပြီဆရာမမြင်သွားပြီ...ကြည့်နေတာတော်ပါတော့ငါ့ကောင်တွေရာမင်းတို့အဖေငါ့ကိုတွေ့သားပြီကွ....ဟင့်...ဆရာမကငါ့ဆီတန်းတန်းလာနေပြီ]

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now