Part -15

136 7 0
                                    

"ကျောင်းသား၊ကျောင်းသူတွေကိုသုံးယောက်တစ်တွဲဆီထိုင်ရမယ်နော်....လာလာ.....ကိုယ့်နာမည်နဲ့ခုံနံပတ်ကိုလာကြည့်ကြပြီးရင်ကိုယ်ကျတဲ့ခုံမှာသွားထိုင်ကြ"

သြဂုတ်လပထမဆုံးစာမေးပွဲစဖြေကြပြီဖြစ်သည်၊50ရာခိုင်းနှုန်းဖိုးဖြစ်ကာခြောက်ဘာသာ၊ခြောက်ရက်နှင့်ဖြေကျရမည်၊စာမေးပွဲ ပြီးလျှင်ကျောင်းခြောက်ရက်တရားဝင်ပိတ်ပေးမည်ဖြစ်ကာဘော်ဒါဆောင်နေကျောင်းသား၊ကျောင်းသူများကတော့အိမ်ကိုပြန်ရတော့မည်ဖြစ်၍ထိုခြောက်ရက်မျှဖြေမည်ဖြစ်သောစာမေးပွဲ ကြီးမြန်မြန်ပြီးပါစေဟုဆုတောင်းကာမိမိတို့ခုံနံပတ်များကျရောက်သောခုံနံပတ်များရှိသည့်အခန်းများကိုရှာရန်ထွက်သွားကြတော့လေသည်။

"သေရောကွာ......S1ထဲကျရတယ်လို့......လေကြီးဖင်ကျယ်ကောင်တွေနေတဲ့အခန်းမကျချင်ပါဘူးဆို"
[S1ကကောင်တွေကBioသမားအချင်းချင်းတောင်ရဲရင့်တို့ကS4နောက်ဆုံးအခန်းမို့တောင်နှိမ်ချင်တာ Ecoသမားတွေဆိုပြောမနေနဲ့အလကားချမ်းသာတဲ့သူတွေဆိုပြီးဘဝင်ဟပ်နေကြတာ]

"ငါတို့ကS2တဲ့"×3

မျိုးဇင်ဦး တို့ဆီကပြိုင်တူအသံထွက်လာကြသောကြောင့်ပို၍ပင်စိတ်ပျက်သွားရပြန်သည်၊ရှိတာမှလေးယောက်ထဲလေသကောင့်သားသုံးကောင်ကS2ထဲကြတာဆိုတော့S1ထဲမှာရဲရင့်တစ်ယောက်ထဲယောင်လည်လည်ဖြစ်နေမှာဖြစ်၍ငိုမဲ့မဲ့ဖြစ်သွားရသည်။

[ဖြိုးပြည့် တို့သုံးယောက်လုံးရဲရင့်ကိုနားလည်ပါတယ်စာမေးပွဲ ကျရင်တော့ဘယ်သူငယ်ချင်းအဖွဲ့မဆိုသူငယ်ချင်းအချင်းချင်းခိုးချတူခိုးဘက်အခန်းတူကျချင်တာကတော့အမှန်ပင်၊စာမရရင်တောင်အခန်းထဲမှာကိုယ့်သူငယ်ချင်းရှိတယ်ဆိုတဲ့ခံစားချက်ကလေးကအရမ်းကောင်းမွန်တယ်လေ]

စာမေးပွဲ အခန်းထဲဝင်ရန်အချက်ပေးခေါင်းလောင်းတီးလာပြီမို့ကျောင်းသား၊ကျောင်းသူအားလုံးသက်ဆိုင်ရာအခန်းများဆီအားလုံးဝင်ကြရသည်။ပထမဆုံးစာမေးပွဲမို့အားလုံးနည်းတူရဲရင့်လည်းစိတ်လှုပ်ရှားနေသည်၊ဖောင်တိန်၊ခဲတံ၊ပေတံ၊ခဲဖျက်အားလုံးကိုသေချာစစ်ယူပြီးမိမိသက်ဆိုင်ရာအခန်းဖြစ်သောS1ထဲသိုဝင်ထိုင်လိုက်ရသည်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now