Part -23

111 8 0
                                    

အချိန်ကမနက်ခင်း5နာရီဘော်ဒါဆောင်မှာရှိတဲ့ကျောင်းသား၊ကျောင်းသူအားလုံးထကျရသည်။ယောကျ်ားလေးအဆောင်မှာမကမိန်းကလေးအဆောက်ဘက်ကပါရေခွက်ချသံ၊လမ်းလျှောက်ခံ၊စကားပြောသံများဆူညံစွာကြားနေရပေမယ့်ဖြိုးပြည့်မျက်လုံးများဖွင့်၍မရသေးပါ။ခြေသံချပ်ချပ်ကြားရတာနဲ့အော်တိုပွင့်တက်တဲ့သူ့မျက်လုံးတွေကအခုသူကြိုးစားပြီးဖွင့်နေတာတောင်မဖွင့်နိုင်၊ထိုးကိုက်လာတဲ့ခေါင်းနှင့်အတူခြေထောက်မှချိုးရာများကလည်းတဖြည်းဖြည်းနာလာသည်။သေချာပါတယ်.....သူအနာရှိန်တက်ပြီးဖျားနေပြီလေ။

"ရဲ..ရဲရင့်..."

ခြောက်ကပ်နေတဲ့လည်ချောင်းကအသံလေးထွက်ဖို့တောင်သိပ်ကိုနာကျင်စေသည်။

"ဟင်....ဖြိုးပြည့် "

"ခဏ..ခဏနေကျရင်အိမ်ကိုဖုန်းဆက်ပေးပါလား...ငါအိမ်ပြန်ချင်တယ်...ရဲရင့်ရာ"

"အိမ်ဘာလုပ်ဖို့ပြန်မှာလဲကွာ"

"ငါ....ငါနေမကောင်းချင်လို့... ပြီးတော့...ပြီးတော့ သူကလည်း...ငါ့ကိုမ..မတွေ့ချင်လောက်ဘူးကွ...ဒီတိုင်းအဆင်ပြေအောင်....သူနဲ့ဝေးရာမှာတစ်ရက်ကလေးဆိုရင်တောင်နေပေးချင်တယ်"

ရဲရင့် ဖြိုးပြည့် နဖူးကိုသွားစမ်းကြည့်တော့အမှန်တကယ်ပင်ကိုတွေပူနေသည်။ရိုက်ရာများကလည်းရောင်နေပြန်သေး၏။ကျန်းမာရေးချူချာလွန်းတဲ့သူ့သူငယ်ချင်းလေးအတွက်စိတ်မကောင်းပေ၊ပြီးတော့မျိုးဇင်ဦးအနေခက်မှာစိုးလို့အိမ်ပြန်ပေးမှာတဲ့လား၊မင်းအပေါ်ငါတို့စာနာသလောက်မဟုတ်ရင်တောင်မျိုးဇင်ဦးနည်းနည်းလေးဖြစ်ဖြစ်စာနာပေးရင်ဘယ်လောက်ကောင်းမလဲကွာ၊နှစ်ယောက်လုံးကသူငယ်ချင်းတွေလို့ကြားဝင်ပေးပြီးဘက်လိုက်ဖို့ရာကလည်းမဖြစ်။

"အိမ်ပြန်ချင်ရင်ငါဖုန်းဆက်ပေးမယ်နော်....ပြီးတော့ဟိုကောင်နဲ့ပတ်သတ်တာတွေဘာမှမတွေးနဲ့နော်....တစ်နေ့သူနားလည်လာပါလိမ့်မယ်"

"ငါ...ငါသူ့ကိုတကယ်ချစ်ခဲ့တာပါကွာ...ဖွင့်ပြောလိုက်မိတာမှားသွားလားဟင်...လက်ရှိသူငယ်ချင်းသံယောဇဥ်လေးကိုပါပျောက်ကွယ်အောင်ငါလုပ်မိသွားတာ...ဟင့်...ငါဘယ်လိုလုပ်ရမလဲကွာ...ဟင့်"

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now