ပထမဆုံးကျောင်းတက်ရက်ဖြစ်နေသည်မို့စာသိပ်မသင်ပေမယ့်အတန်းသန့်ရှင်းရေးလုပ်နေကျရ၏။ကျောင်းသား၊ကျောင်းသူအားလုံးကတက်တက်ကြွကြွလုပ်နေရသော်လည်းရဲရင့်ကိုတို့အဖွဲ့ကတော့မလုပ်ချင်တော့တစ်မနက်ခင်းလုံးလုပ်လာပြီးပြီလေ။
ခဏကြာတော့နေ့လည်ခင်းကျောင်းဆင်းခေါင်းလောင်းတီးလာသည်။ခုနကတက်တက်ကြွကြွလုပ်နေကြသောကျောင်းသားကျောင်းသူများကလည်းသန့်ရှင်းရေးပစ္စည်းများကိုသူ့နေရာသူပြန်ထား၍ကျောင်းဆင်းရန်ပြင်နေကြသည်။
"ရဲရင့်...ပြန်ကျရအောင်"
"ခဏနေပါအုံးကွ"
ဖြိုးပြည့်ကပြန်ချင်နေသည်မို့ဖင်တကြွကြွ၊မျိုးဇင်ဦးကလည်းဖြိုးပြည့်နည်းတူပင်ဖင်တကြွကြွဖြစ်နေသည်။
မျက်လုံးတစ်ချက်အခန်းထဲကိုဝေ့ကြည့်တော့အောင်ပန်းသားကိုမတွေရ။ဘယ်ရောက်သွားပြီလဲ။
အာ့!
"ရဲရင့်ကို...ဟေ့ရောင်မင်းဘာတွေပျာယာခက်နေတာလဲကွ!!"
မျိုးဇင်ဦး ကတံခါးပေါက်မှာရပ်နေသည်ကိုမမြင်ဘဲအောင်ပန်းသားကိုလိုက်ရှာနေတဲ့ရဲရင့်ကိုကဝင်တိုက်မိတော့အသံပြဲကြီးနဲ့အော်လာခြင်းဖြစ်ချေ။
လိုက်ရှာနေသည်မို့မျိုဇင်ဦးကိုပြန်ပြီးစကားမပြောနိုင်ချေ။ဟော...ဟိုမှာတွေ့ပါပြီ..ဒုတိယထပ်ကိုဆင်းတဲ့လှေကားရောက်ပြီသူက။
"ဟေ့ကောင်တွေ..လာလာမြန်မြန်သွားရအောင်ကွ...မြန်မြန်လာပါဆို!!"
"အေးလာပါပြီကွ"
"လာပြီ"
အရေးကြီးသုတ်ပြာတကယ်လုပ်တဲ့ကောင်တော်သေးတယ်စော်မရသေးလို့မဟုတ်ရင်ဘယ်လောက်တောင်ပြာယာခက်နေမလဲပုဆိုးတောင်သေချာဝတ်ပါ့မလားမသိဘူး။
"ဟေ့ကောင်ငပြည့်မတ်တပ်ရပ်ကြီးသေနေမနေနဲ့....မင်းဖေကဟိုမှာပြေးသွားပြီ"
"မင်းစကားကိုယဥ်ယဥ်ကျေးကျေးလေးတစ်ခါလောက်ပြောကြည့်ပါလား"
"မင်းနဲ့မတန်လို့ပေါ့ကွ"
"ငါနဲ့မတန်ရအောင်...မင်းကဘာတွေမြင့်မားနေလို့လဲ!"
YOU ARE READING
ဆည်းလည်းသံလေးချိုလှတယ် (Complete)
Actionအထက်တန်းကျောင်းသားဘဝကအချစ်များကစစ်မှန်ခဲ့သလိုအချို့အချစ်ဦးတွေကလည်းနာကျင်စေခဲ့တယ်