Part-10

151 9 0
                                    

ညနေရောက်တော့တီတီကမမငယ်ကိုအိမ်ကိုလာဖို့ခေါ်ခိုင်းသည်မို့မမငယ်နဲ့အတူလိုက်သွားသည်။တီတီတို့မိသားစုကမျိုးဇင်ဦးကိုသားအရင်းလိုပဲနွေးထွေးတဲ့မေတ္တာတွေနဲ့ဂရုစိုက်တတ်၏။ငယ်ငယ်ထဲကရဲရင့်နဲ့အတူကစားဖော်တွေမို့တီတီတို့အိမ်ကသူ့အိမ်လိုပင်၊အချိန်မရွေးဝင်ထွက်သွားလာလို့ရသည်၊တစ်ခါတစ်လေညပါအိပ်သေးသည်။

ဖြိုးပြည့်ကလာခေါ်တဲ့အချိန်ဖုန်းဆက်လာသည်မို့သူနဲ့စကားပြောရင်းပင်လိုက်သွားရ၏။ဟိုရောက်တော့
တီတီနဲ့မမကြီးကထမင်းပွဲပြင်နေတုန်းမို့ရဲရင့်အခန်းထဲခဏသွားထိုင်ဖို့ပြောလာ၍ရဲရင့်ရဲ့အခန်းထဲဝင်သွားလိုက်သည်နှင့်မှောက်ယားထိုးပြီးဂိမ်းတိုက်နေတဲ့သကောင့်သားကိုတွေ့လိုက်ရ၏။

"အာ့"

ရဲရင့်ကိုဖင်ကိုအားနဲ့ရိုက်လိုက်တဲ့သူကိုထကြည့်တော့ဟိုကောင်မျိုးဇင်ဦး။ဖင်ရိုက်တာအရေးမကြီးဘူးဒီကောင့်ကြောင့်ဂိမ်းရှုံးသွားသည်။ဆဲဖို့ပါးစပ်ပြင်လိုက်ပေမယ့်ဒင်းကဖြိုးပြည့်နဲ့vcပြောနေဟန်တူသည်။ဖြိုးပြည့်ကလည်းသူ့ဟာကလုပ်တာဆိုတော့ပြုံးစိစိနှင့်ဆဲလည်းသူကတစ်ခါဆဲရင်နှစ်ယောက်စာအဆဲခံရမှာမို့ဟန်ပြင်နေတဲ့ပါးစပ်ကိုပိတ်လိုက်ရ၏။

"ဒီနေ့မှပြန်ရောက်တယ်...ဖုန်းထဲခေါင်းစိုက်နေပြီ"

"မျိုးဇင်ဦး မင်းနေရာတကာအဖေလိုက်လုပ်......ဟိုကောင်ကကောအခုမှနေ့တဝက်ပဲခွဲရသေးတယ် vcတွေတောင်ပြောနေပြီလားပြီးတော့ဟိုဘက်ရွာနဲ့ဒီဘက်ရွာနီးနီးလေးကွ..."

"မဟုတ်ပါဘူးကွ.....အိမ်မှာငါတစ်ယောက်ဆိုတော့ပျင်းလို့ပြီးတော့မင်းတို့ကိုလည်းလွမ်းလို့လေ"

"..အဟမ့်...အဟမ့်...ငါသိနေတယ်နော် "

မျိုးဇင်ဦး ကမရိပ်မိပေမယ်ရဲရင့်တို့အကုန်လုံးဖြိုးပြည့်ကမျိုးဇင်ဦးကိုငယ်ငယ်တည်းကသဘောကျခဲ့တာသိကြသည်။အစပိုင်းတုန်းကတော့ဖြိုးပြည့်လည်းသူရဲ့လိင်စိတ်ကွဲလွဲမှုကြောင့်တုန်လှုပ်ခဲ့ရပြီးရဲရင့်တို့လည်းအံသြခဲ့ရပေ။နောက်မှရဲရင့်တို့သဘောပေါက်လာတာကယောကျ်ားဖြစ်စေ၊မိန်းမဖြစ်စေအဓိက ကကိုယ်တကယ်တန်ဖိုးထားပြီးမြတ်နိုးတဲ့သူဖြစ်ဖို့ပဲအရေးကြီးတယ်ဆိုတာပေ။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Onde histórias criam vida. Descubra agora