Part -31

132 10 0
                                    

"ရဲကို....ဘာလုပ်နေတာလဲ!!"

"ဟို...ဟို  ရှင်းသန့် ငါလေ ဟို...ဟို"

"လိုက်ခဲ့ ကျောင်းအုပ်ဆရာမကြီးရုံးခန်း"

"ဟေ့ကောင် မလုပ်နဲ့လို့ ဟေ့ကောင် မသွားပါနဲ့ကွာ ဟေ့ကောင်"

အတန်းချိန်တစ်ချိန်လစ်ပြီးတော့သန့်စင်ခန်းမှာဆေးလိပ်ခိုးသောက်နေတဲ့အချိန်သန့်စင်ခန်းလာတဲ့ရှင်းသန့်ကမြင်သွားပြီးကျောင်းအုပ်ကြီးရုံးခန်းခေါ်သွားလေသည်။အခြားသူတွေသာအဲ့လိုလာလုပ်ရင်ထထိုးမှာဖြစ်ပေမယ့်အခုကရှင်းသန့်အောင်ဆိုတဲ့သူ့အချစ်ကလေးဖြစ်နေ၏။ဆွဲခေါ်သွားတဲ့လက်ကိုအတင်းဆောင့်ရုန်းလည်းမရတင်းကြပ်နေအောင်ဆွဲထားသည်။ဆေးလိပ်သောက်တာကိုမကြိုက်ဘူးဆိုတာသူတို့တစ်ဖွဲ့လုံးသိပေမယ့်ဒီတစ်ခေါက်ရဲရင့်ကိုကံဆိုးသွားလေချေ။တကယ်ကျောင်းအုပ်ကြီးရုံးခန်းကိုခေါ်တာလိုက်များတန်းနေအောင်ပင်။

ရုံးခန်းရောက်တော့ကျောင်းအုပ်ဆရာမကြီးမရှိသေးတာမို့ထိုင်စောင့်နေရပြန်သည်။ရဲရင့်ကိုဘဝကကိုယ်အပြစ်ပေးခံရမှာကိုထိုင်စောင့်နေရတဲ့ဘဝပင်။တစ်ဖက်ထိုင်ခုံမှာထိုင်နေတဲ့သူကိုကြည့်လိုက်တော့လည်းမျက်နှာထားကတင်းမာနေကာရှေ့တည့်တည့်သာကြည့်နေသည်။တကယ့်တကယ်ဆိုစိတ်ဆိုးရမှာကရဲရင့်ကိုဖြစ်ကာမဆိုင်သူတိုင်သူကဦးစွာစိတ်ဆိုးနေပေ။သထွေးလေးကိုအသာလေးမြိုချကာ

"ရှင်းသန့် "

"ရှင်းသန့် "

"ရှင်းသန့် "

သုံးကာမြောက်ခေါ်တဲ့အထိပြန်ထူးမလာပေ။အရပ်ကြီးနဲ့မှမလိုက်အရပ်ရှည်ပြီးစိတ်မရှည်တဲ့ကောင်

"စဝ်ခွန်းနောင်ဆာမှိုင်း! !"

"ခေါ်ခွင့်မရှိဘူး"

"ဟင်"

တကယ်ကိုပင်ကြောင်သွားရကာ စိတ်လည်းတိုသွားရသည်။ဗမာနာမည်ခေါ်တာမထူးလို့ရှမ်းနာမည်ခေါ်လိုက်တာလေ၊ဘာတွေလာရူးပြီလာပြောနေရတာလဲချစ်စိတ်လေးတောင်ပေါ့ချင်လာပြီ။

"ရှင်းသန့် လို့ခေါ်တာ မင်းဘိုးအေ
မို့မထူးတာလားအာ့ဆို"

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now