Part -28

108 8 2
                                    

အိမ်ဝရံတာကလှမ်းမြင်နေရတဲ့တောင်တန်းကြီးကိုကြည့်ပြီးဝမ်းနည်းရသလိုတစ်ဖန်ထိုတောင်တန်းကြီးပေါ်၌ချစ်ရသူရှိသည်ဆိုတဲ့အသိကြောင့်လည်းပျော်ရပြန်သည်။အနီးကပ်မရှိရရင်တောင်သူ့ရဲ့မွေးဌာနီလေးကိုကြည့်ပြီးချစ်ရသူအားလွမ်းမောမှုကိုဖြေဖျောက်နိုင်ပေ။သူ့အိမ်ကနေရှမ်းတောင်တန်းကြီးကိုလှမ်းမြင်နေရသည်မှာဘုရားပေးတဲ့ဆုလာဒ်တစ်ခုပင်။

"အငယ်လေး "

"ဗျာ"

"ဘာလည်းရှမ်းသူ...အယ် မဟုတ်ပါဘူး ရှမ်းသားလေးကိုလွမ်းနေတာလား"

"ဟာ....မမငယ်ကလည်း"

"မဟုတ်ဘူးလား"

"ဟုတ်တယ်....အာ.... မဟုတ်ပါဘူး... မဟုတ်ဘူးနော်"

"ဟားဟား... "

ရဲရင့်သူ့ကိုသာရီပြီးကြည့်နေတဲ့မမငယ်ကြောင့်ခြေဖျားလက်ဖျားတွေအေးစက်လာ၏။သူမပုံစံကလက်ခံသည်လား၊လက်မခံသည်လားကိုရဲရင့်အကဲမခတ်တတ်ချေ။မမငယ်ကလက်ခံမှာပါ boy love bookတွေတောင်ဝယ်ဖတ်သေးသည်မလား၊အချို့သူတွေကထိုစာအုပ်တွေကိုဝယ်ဖတ်ပေမယ့်တကယ်တမ်းသူ့အိမ်ကမိသားစုဝင်တစ်ယောက်ယောက်က boy love ဖြစ်သွားရင်လက်သင့်မခံနိုင်ကြပေ။သူ့မမကတော့အဲ့လိုလူမဟုတ်ဖို့ဆုတောင်းရမည်။အရင်တစ်ခေါက်ကရှင်းသန့်နဲ့သူ့ကိုစနောက်နေပေမယ့်တကယ်သဘောကျနေတာကိုသာသိသွားရင်ရွံမုန်းသွားမှာလည်းကြောက်သည်။

သူ့ဘာသာဖြေပြီးသူ့ဘာသာအသည်းအသန်ငြင်းနေသောမောင်ဖြစ်သူအားသူမရယ်ပြီးတော့သာကြည့်နေမိသည်။သူမအနေနှင့်ကန့်ကွက်စရာမရှိ၊သူ့မောင်လေးသာပျော်မယ်ဆိုရင်ယောင်းမလေးပဲဖြစ်ဖြစ်၊မတ်ကလေးပဲဖြစ်ဖြစ်လက်ခံပေးဖို့ရာအသင့်ပင်၊အချစ်ကအချစ်ပဲမို့ဒီလောက်တော့သူမနားလည်ပါသည်။ပြီးတော့တစ်ဖက်ကကောင်လေးကအနေအေးအေးလေးမို့စိတ်ချရပြန်၏။ချစ်သူဖြစ်မဖြစ်ကိုသူမသေချာမသိပေမယ့်ကိုယ့်မောင်ကတော့သီတင်းကျွတ်ကျောင်းပိတ်ရက်ကလေးပြန်လာရတာကိုကမ္ဘာပျက်နေတဲ့အတိုင်းပင်။

"ရဲရင့်ကို"

"ဗျာ.... ဗျာ"

တုန်ရီနေတဲ့အသံကြောင့်ကိုယ့်ကိုကိုယ်ပြန်ထိန်းရသည်။မမငယ်ကသူ့ကိုဘယ်တုန်းကမှနာမည်အပြည့်အစုံခေါ်ဖူးသည်မဟုတ်ဒါကြောင့်လည်းကြောက်နေမိပေ။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Opowieści tętniące życiem. Odkryj je teraz