Part -19

111 8 0
                                    

ညနေကရှင်းသန့်နဲ့အတူစက်ဘီးပတ်စီးပြီးပြန်လာတဲ့အချိန်ထိနေလုံးကြီးကိုငေးနေတဲ့ရှင်းသန့်ရဲ့ပုံရိပ်လေးကိုအခုထိမျက်လုံးထဲကမထွတ်သေး၊ဒီလူဆိုးကောင်လေးကအမြဲအေးအေးစက်နဲ့တစ်ခုခုဆိုလည်းဘယ်သူမှမပြောပြ၊သူငယ်ချင်းဆိုတော့လည်းရဲရင့်တို့အပြင်ကျောင်းမှာကောအဆောင်မှာပါတစ်ယောက်မှမထားပေ။

ရဲရင့်တို့မိသားစုဝင်အားလုံးဆုံတိုင်းအမြဲဝရံတာမိသားစုစကားဝိုင်းလုပ်လေ့ရှိတာထုံးစံပင်၊ဒီနေ့ရဲရင့်ပျင်းလို့မလိုက်ချင်ဘူးလို့ငြင်းတော့ဖေကြီးကရဲရင့်ကိုထားခဲ့ပြီးရှင်းသန့်ကိုအရခေါ်သွားလေသည်။ဒေါ်ရူပတင်မဟုတ်ဘူးဦးမိုးစက်ပါသားလွဲနေပြီထင်ပါရဲ့။ရဲရင့်လည်းပျင်းတာနဲ့သူတို့သူငယ်ချင်းအဖွဲ့ chat box groupထဲဝင်ကာသူငယ်ချင်းတွေနဲ့စကားပြောရန်ပဲပြင်လိုက်တော့သည်။

ရဲရင့်-" အားလုံးပဲ...ဟိုင်းပါ..🤚"

မျိုးဇင်ဦး -"နင့်မေကြီးတော်...ဟိုင်း...အခုမှလူပျိုနုနုထွတ်ထွတ်လေးပဲရှိတာပါ😏"

ကြည်ဖြူနိုင် -"ရဲရင့်နင့်အိမ်ကိုရှင်းသန့်လိုက်လာတာဆို....ဟဲဟဲ👀 "

ရဲရင့်-"တော်တော်.....ကြည်ဖြူနိုင် နော်..ယောကျ်ားလေးမြင်ရာလိုက်shipတတ်တဲ့ပိုးထမလာနဲ့"

ကြည်ဖြူနိုင် -"မားရဲ့သားလေးကလည်းမအေကိုအဲ့လိုမပြောရဘူးလေငရဲကြီးလိမ့်မယ်ဒီမအေကငါ့သားလေးကောင်းစားဖို့အတွက်ကြံနေတာပါ😇"

ရဲရင့်-"နင့်သားလုပ်ရင်ငါအောက်ထပ်ဖြစ်သွားမှာပေါ့....နိုးနော်...ငါကအထက်ပုဂ္ဂိုလ်😎"

ဖြိုးပြည့် -"ပြောမနေနဲ့ကြည်ဖြူနိုင်ရေ.....ဒီကောင်ကစောက်ရမ်းအပေါ်ထပ်မှာနေချင်နေတာ😪"

ဖြိုးကြည့်ကပါဂျင်းတွေအတုံးလိုက်ပစ်ကျွေးပါတော့သည်။ရဲရင့်ဆက်မပြောချင်တော့တာမို့groupထဲကထွက်လိုက်သည်။ကြည်ဖြူနိုင်ဆိုတဲ့သူငယ်ချင်းမလေးကယောကျ်ားလေးမြင်တာနဲ့လိုက်ပေးစားတတ်နေတဲ့အကျင့်ကအခုထိမပျောက်၊သူနဲ့သိပ်ပေါင်းလို့မဖြစ်တော့သူက UKE Teamကသူနဲ့ပေါင်းတာများရင်ကိုယ်ပါအောက်ထပ်ရောက်နိုင်တယ်။နိုး....ရဲရင့်ကိုဆိုတာ everအပေါ်ထပ်ပဲ။ဒါ့ကြောင့်မားပြောတာလူဆိုတာကြည့်ပေါင်းရတယ်တဲ့၊အခုတော့သူငယ်ချင်းမလေးကြောင့်အောက်ထပ်ရောက်တော့မယ့်ကိန်းပေါက်နေပြီမားရယ်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now