"ဟေ့ကောင် မင်းအဲ့အရုပ်စတစ်ကာတွေပဲပတ်ပြီးကပ်နေတော့မှာလားကွ"
"........."
ညနေအတန်းချိန်ပြီးပါပြီဆိုတည်းကအရုပ်စတစ်ကာတွေပန်းချီဆွဲစာအုပ်ပေါ်မှာလိုက်ကပ်နေတာအခုထိမပြီးသေးပေ။ညစာစားဖို့ခေါ်တုန်းကလည်းမလိုက်တာကြောင့်ထမင်းပန်းကန်ကိုအဆောင်ပေါ်ယူကျွေးရတဲ့အထိပင်။မိန်းမမဟုတ်ဘာမဟုတ်ဆန်းတာလေးတစ်ခုမြင်တာနဲ့တန်းဝယ်တတ်သေးသည်။အခုလည်းနေ့လည်တုန်းကကျောင်းအတန်းထဲကကောင်မလေးတွေဝယ်ပြီးကပ်နေတာလည်းမြင်ရောညနေကျောင်းဆင်းတော့စာအုပ်ဆိုင်ကနေတစ်ခါတည်းဝယ်လာခဲ့ကာ စိတ်ရှည်လက်ရှည်နဲ့ကပ်နေချေ။ဘယ်လိုစစ၊ဘယ်လောက်ဆဲဆဲစာရေးခုံကနေကိုမထလာတော့ပေ။
"ရဲရင့်ကိုရေ ငါ့ကိုလူလို့ရောထင်သေးလား ဘေးကနေဟောင်နေတဲ့ခွေးများထင်နေတာလား"
"ဟုတ်တယ် ခွေးလို့ထင်နေတာ"
"မင်းဘိုးအေ...... အဲ့အရုပ်တွေအခုထိကပ်နေတာမပျင်းဘူးလား ပြော"
"မပျင်းပါဘူး စိတ်ဝင်စားဖို့ကောင်းတယ်ကွ"
တကယ်ပင် စိတ်ဝင်စားစရာကောင်းတာကြောင့်ရဲရင့်အမှန်တိုင်းပြောလိုက်လေသည်။စတစ်ကာတွေကအိမ်ပုံလေးတွေ၊ပန်းပုံလေးတွေအပြင်မိန်းကလေး chibi ပုံလေးတွေပါပါသည်မို့နည်းနည်းတော့ကြောင်တောင်တောင်နိုင်လေသည်။နေ့လည်တုန်းကကြည်ဖြူနိုင်တို့ဝယ်ပြီးကပ်နေမြင်တော့နဂိုတည်းကစပ်စုချင်စိတ်ကငယ်ထိပ်တက်ရောက်နေတဲ့ရဲရင့်ခမျာမနေနိုင်တော့ဘဲညနေကျောင်းဆင်းသည်နှင့်စတစ်ကာတွေရောင်းတဲ့ကျောင်းထိပ်ကစာအုပ်ဆိုင်သို့အပြေးလေးသွားကာဝယ်ခဲ့ရသည်။
"မျိုးဇင်ဦး ရာ....မင်းမှာလည်း နေရာတကာအဖေမှလိုက်မလုပ်ရင်မနေတတ်ဘူးထင်ပါရဲ့"
ဝေလွင်ဦး မှာမနေနိုင်စွာမျိုးဇင်ဦးကိုစမိပြန်လေသည်။
"မင်းမေ....အဲ့ကောင်ကစာရေးခုံကနေမထပဲအဲ့စတစ်ကာတွေကိုပဲသဲကြီးမဲကြီးကပ်နေတာမြင်တော့စောက်မြင်ကပ်လို့ကွ"
"ဟိုနှစ်ကောင်လာခဲ့တော့ စာကျက်ရအောင် မင်းတို့နှစ်ကောင်ကိုက်လို့ကိုမဝကြဘူး"
YOU ARE READING
ဆည်းလည်းသံလေးချိုလှတယ် (Complete)
Actionအထက်တန်းကျောင်းသားဘဝကအချစ်များကစစ်မှန်ခဲ့သလိုအချို့အချစ်ဦးတွေကလည်းနာကျင်စေခဲ့တယ်