Part -24

112 8 0
                                    

ဖြိုးပြည့် အဖျားသက်သာသွားတာကြာပြီဆိုပေမယ့်ဘော်ဒါဆောင်သို့မပြန်သလိုကျောင်းကိုလည်းမတက်ချေ။စာတွေနောက်ကျနေမှာဖြစ်သည့်အလျောက်ဘော်ဒါဆောင်သို့ပြန်ရင်စာတွေအများကြီးကူးရမှာအသေအချာပင်။ဆရာကတော့ပွဲကလည်းလုပ်ဖို့ရာနီးပြီမို့ဒီနေ့တော့ပြန်ရမည်။ဒီအချိန်ဆိုထိုလူသားလေးကလည်းသူ့အပေါ်စိတ်ဆိုးနေတာအနည်းအငယ်ပြေပြီထင်ပါရဲ့။

"သား...အဖေညနေကျမှဘော်ဒါဆောင်ပြန်ဖို့စီစဥ်ပေးမယ်နော်..အခုကအဖေအစည်းအဝေးရှိသေးတယ်ကွ"

"ဟုတ် ......မေမေကရွာဦးကျောင်းသွားတာမလား..သားလိုက်သွားအုံးမယ်နော်"

"အေးအေး....လက်ရှည်ဝတ်သွားအုံးပြန်ဖျားနေအုံးမယ်...ဘယ်သူနဲ့တူလို့များဒီလောက်ချူချာနေရတာလဲငါ့သားရယ်"

တစ်ဦးတည်းသောသားလေးမို့အစစအရာရာအလိုလိုက်ခဲ့ပေမယ့်သားငယ်ကအရမ်းမဆိုးပဲလူငယ်သဘာဝအလိုက်အသင့်တော့ဆိုးပေသည်။ငယ်ငယ်ထဲကကျန်းမာရေးချူချာလွန်းသောကြောင့်အထူးဂရုစိုက်ရကာအရိပ်တကြည့်ကြည့်လုပ်ရချေ။ရပ်ရွာရဲ့ဥက္ကဌအုပ်ချုပ်ရေးမှုမို့အမြဲအလုပ်ရှုပ်နေတတ်တဲ့ကိုယ့်ထက်အနားမှာအမြဲရှိနေတတ်တဲ့သူ့အမေဖြစ်သူကိုပိုပြီးခင်တွယ်သည်။နေမကောင်ဘူးဆိုပြီးသားသူငယ်ချင်းရဲရင့်လေးကဖုန်းဆက်တုန်းဆိုလုပ်လက်စအလုပ်တွေကိုအလုပ်တွေကိုရပ်ပြီးသွားခေါ်တော့ဒီအဖေကိုတွေ့တာနဲ့တန်းပြေးလာပြီးရင်ခွင်ဝင်ကာငိုနေပြန်သည်မို့မေးတော့လည်းဘာမှပြန်မပြောအိမ်ကိုမြန်မြန်ပြန်ရအောင်ဟုသာပြောသည်။

အိမ်ပြန်ရောက်တော့လည်းနှစ်ရက်လောက်အထိမှိုင်ထွေထွေလုပ်နေသည်မို့အသည်းကွဲလာတာလားလို့မေးတော့လည်းရီကျဲကျဲနဲ့သာ"သားကိုအသည်းခွဲနိုင်တဲ့သူရှိပါ့မလားအဖေရာ"တဲ့။ရုပ်ရည်လေးကကိုယ်နဲ့တူသည်မို့ခန့်ညားကာကြည့်ကောင်းပေမယ့်ကိုယ်တုန်းကလိုတော့ရည်းစားတွေမများစေချင်ပေ။ဘယ်မိဘမဆိုကိုယ်မကောင်းရင်တောင်ကိုယ့်ကလေးလေးတွေကိုတော့ စာရိတ္တ၊ဥာဏ် အစစအရာအကုန်ကောင်းစေချင်ကြသည်။

ဖြိုးပြည့် ရွာဦးဘုန်းကြီးကျောင်းရောက်သည်နှင့်မေမေဆီမသွားသေးဘဲဘုန်းကြီးကျောင်း
ထဲမှာရှိတဲ့ကြာကန်ကြီးဆီအရင်သွားလိုက်သည်။ဟိုရောက်တော့မမိမိနဲ့ကြာပန်းခူးနေတဲ့မေမေကိုတွေရသည်နှင့်

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now