Part -25

146 8 2
                                    

"ဟေ့ကောင်တွေ... ထတော့ "

"အစောကြီးရှိသေးတာကို..အိပ်ပါရစေကွာ"

"မအိပ်တော့နဲ့သုံးကောင်လုံးထကြတော့လို့ဟ"

ဒီကောင်တွေကိုနှိုးနေတာလွန်ခဲ့တဲ့တစ်နာရီထဲပင်။အရင်တစ်ခါလိုအော်ပြီးထပ်နှိုးရင်ဟိုဘက်အခန်းကကောင်တွေကအမှုန့်ကြိတ်ပစ်မှာအသေအချာပင်ဖြစ်သောကြောင့်ဒီတိုင်းလေသံပျော့ပျော့လေးနှင့်နှိုးနေတာဖြစ်သည်။ကျောင်းမှာဆရာကတော့ပွဲရှိလို့အစောလွှတ်ပေးပါရန်မနေ့ညထဲကခွင့်တိုင်ထားတာမို့ဒီနေ့မနက်ခင်းတော့သူတို့အတန်းချိန်မသင်ရတော့ပဲကျောင်းသို့သာအစောသွားရတော့မည်။

"7နှစ်နာရီထိုးတော့မယ်ဟ...နောက်ကျနေပြီထကြပါတော့လို့ အတန်းပိုင်ဆရာမကမနက်7နာရီကျောင်းအရောက်ဖြစ်နေရမယ်လို့ပြောထားတာကွ"

"ရဲရင့်ကိုရာ မထမချင်းကိုနှိုးနေတော့တာပဲထပြီကွာ ...ထပြီ တကယ့်သာသနာဖျက်"

ပြောကာအိပ်ယာကထပြီးမျက်နှာသစ်ဖို့အောက်ဆင်းသွားသောဖြိုးပြည့်ကြောင့်နှိုးရသူကျွန်တော့်မှာကြောင်တောင်တောင်ဖြစ်ရသည်။စေတနာနှင့်လည်းနှိုးမိတာပါကျေးဇူးမတင်ကျတဲ့အပြင်ကြားထဲကလူယုတ်မာလို့အပြောခံလိုက်ရလိုက်ရချေ။

ဖြိုးပြည့် အဘွားကြီးလိုတတွတ်တွတ်နဲ့မနှိုးမချင်းအတင်းနှိုးနေတဲ့ရဲရင့်ကိုကြောင့်မထချင်ပဲထလာရကာမျက်နှာသစ်ဖို့ရေချိုးကန်သို့ဆင်းလာခဲ့ရသည်။ကျန်တဲ့နှစ်ကောင်ကလည်းနားပူမခံနိုင်လို့ဘယ်ချိန်ဆင်းလာမယ်မှန်းမသိချေ။ရှင်းသန့်အောင်ကတော့အချိန်မှန်ထသူဖြစ်သောကြောင့်သူတို့လိုအနှိုးမခံရပေ။

[မအေဘေးရဲရင့်ကို အရင်ကသူလည်းငါတို့လိုဟိုဘက်အခန်းကကောင်တွေနှိုးမှဒါမှမဟုတ်သူတို့သုံးယောက်ထဲကတစ်ယောက်ယောက်နှိုးမှထတဲ့ဟာကို အခုတော့ဒီကောင့်ဘေးမှာအချိန်မှန်ထဖို့၊စားသောက်ဖို့နဲ့စာလုပ်ဖို့ပြောပေးနေတဲ့ရှင်းသန့်အောင်ရှိနေပြီဆိုတော့ကြီးကျယ်နိုင်ပြီပေါ့]

"အဲ့ရဲရင့်ကိုဆိုတဲ့အကောင်ကို့အမြင်ကတ်လာပြီကွာ...ငါတို့ကိုကျတော့အာပြဲကြီးနဲ့အတင်းလိမ့်နှိုးနေပြီးတော့ရှင်းသန့်အောင်ကိုကျတော့ချွဲ ပြစ်နေတာပဲ ပျားရည်ကတောင်
သူ့လောက်ချွဲ ပြစ်နေမှာမဟုတ်ပဲ အရည်ကျဲနေအုံးမယ် စကားပြောခံရခြင်းအတူတူလေသံမတူတာကိုတော့ရင်နာတယ်"

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now