Part -36

87 5 0
                                    

ရှင်းသန့်အောင်ကို ဘာကြောင့်မှန်းမသိ ကျောင်းပိတ်ရက်မဟုတ်ဘဲသူတို့စံအိမ်တော်ကလာခေါ်သွားတာကြောင့်အရင်လိုကျောင်းသွားကျောင်းပြန်တစ်ယောက်လျော့သွားရသည်။ရဲရင့်ကိုကလည်း တစ်မျှော်မျှော်ဖြင့်သာ ကျောင်းကပြန်လာတိုင်း ရှင်းသန့်အောင်ပြန်လာပြီလားဟု တန်းမေး‌တတ်ပေ။

"ဟေ့ရောင် ရဲရင့်ကျောင်းသွားရအောင်လေကွာ"

"ဟင် ကျောင်းသွားချိန်ရောက်ပြီလား "

"အေး မင်းဘာဖြစ်နေတာလဲကွ"

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး"

ရှင်းသန့်အိမ်ပြန်သွားတာ ဆယ်ရက်ရှိပြီဖြစ်ကာဘာသတင်းမှမကြားရသေး ဖုန်းဆက်ရအောင်လည်းသူ့စံအိမ်တော်ရဲ့ဖုန်းနံပတ်ကိုမသိ၊လိုင်းအကောက်နဲ့ပြောရအောင်ကလည်းသူ့ဖုန်းကအိမ်မှာပင်။ကျောင်းကအတန်းပိုင်ဆရာမကိုတော့ဘော်ဒါမှူးကိုယ်တိုင်ခွင့်တိုင်ပေးထားတာကြောင့်ကိစ္စမရှိ၊ကိစ္စရှိတာကသူဖြစ်သည်။အဆက်အသွယ်မရတော့အရမ်းတွေစိတ်ပူနေမိတာ ဒီဘော်ဒါဆောင်ကိုလုံးဝပြန်မလာတော့မှာလည်းကြောက်ရပေ။

အချို့ကျောင်းသားတွေကအိမ်ခဏပြန်အုံးမယ်ဆိုပြီးဘော်ဒါဆောင်ကိုပြန်မလာတော့တာတွေလည်းရှိသောကြောင့်သူသည်လည်းရှင်းသန့်အောင်ပြန်မလာမှာကိုလည်းအရမ်းကြောက်သည်။ကျောင်းပိတ်ဖို့ရာကလည်းသုံးလလောက်သာလိုတော့တာကြောင့် စာတွေမမှီတော့မှာလည်းစိုးရိမ်ရပြန်သည်။အဓိကကသူရှင်းသန့်ကိုခွဲဖို့အဆင်သင့်မဖြစ်သေး၍သာ။

"ဖြိုးပြည့် ! ဟေ့ကောင် ဖြိုးပြည့်လို့!!"

"‌ဟင် အေးအေး ပြော "

" ရှင်းသန့်ပြန်မလာတော့ဆိုဘယ်လိုလုပ်မလဲကွာ"

"အော် ...သကောင့်သားရယ် လမ်းဖြတ်ကူးနေတဲ့အချိန်မှလင်တထရူးရလားကွာ"

"စိတ်ကူးပေါက်တဲ့အချိန်မပြောရဘူးလားကွ"

ကျောင်းမရောက်ခင် လမ်းကူးရတဲ့ထောင့်ချိုးနားမှာလမ်းဖြတ်ကူးနေတုန်းဖြိုးပြည့်ကိုအတင်းခေါ်ကာလင်တလာရူးနေတဲ့သူငယ်ချင်းကိုကြည့်ပြီးဖြိုးပြည့်ခေါင်းခါလိုက်တော့သည်။ဒီကောင်ကတော့ဘယ်ဆေးမှမမှီတော့ချေ။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Tempat cerita menjadi hidup. Temukan sekarang