Part -38

108 7 0
                                    

ဒီဇင်ဘာလကိုကျော်လွန်သွားသော်လည်း ဇန်နဝါရီလထိတိုင်အအေးဓာတ်ကလွန်ကဲနေတုန်းပင်။မနက်ခင်းတင်မကဘဲနေ့လည်နေ့ခင်းများထိတိုင်ချမ်းစိမ့်စိမ့်ဖြစ်နေစေပြန်သည်။မြန်မာနိုင်ငံအလယ်ပိုင်းဒေသကမြို့တစ်မြို့ဖြစ်သောကြောင့် အခြားမြို့တွေလို နှင်းပွင့်များအချပ်လိုက်မကျပေမယ့်နှင်းစက်များတော့မြက်ခင်းစိမ်းများပေါ်တွင်တွဲလွဲခွဲနေတတ်သည်။မနက်ခင်းရောင်စဉ်လင်းသည်နှင့် ဘေးပတ်ဝန်းကျင်တစ်ခွင်တွင်မြူများအုံ့ဆိုင်းနေတတ်ပေ။

ဟေမာန် ရဲ့အငြိုးဓာတ်ကြောင့် ရိုးမဘော်ဒါဆောင်က ကျောင်းသား၊ကျောင်းသူများမှာ မနက်အတန်းချိန်မဝင်ခင် မီးဖိုကာမီးလှုံနေရသည်။ကျောင်းသား/ကျောင်းသူများက၂၀၀ကျော်နီးပါးအရေအတွက်များသောကြောင့်အဆောင်အပြင်လမ်းမပေါ်တွင် မီးလှုံနေကြသည်မှာပျော်ပွဲစားထွက်နေသည့်ပုံစံလိုဖြစ်နေချေ။ဆောင်းရာသီသည်ကောက်ရိတ်အချိန်ဖြစ်ကာ ရွာများတွင်တော့ စပါးပင်ရဲ့အကြွင်းအကျန်ဖြစ်သောကောက်ရိုးများကို မီးရှို့ကာမီးလှုံကြသည်။ကောက်ရိုးစများမှပါလာသည့်စပါးနှံလေးများကမီးထဲရောက်သွားသည်နှင့် ပေါက်ပေါက် လေးများလိုဖြစ်သွားတတ်ပေ။

တပ်ကုန်းမြို့ပေါ်မှာတော့လယ်စိုက်တောင်သူများကတစ်မြို့လုံးရဲ့ငါးပုံတစ်ပုံခန့်တောင်မရှိသောကြောင့်ကောက်ရိုးစများကရှားပေ။ဒါကြောင့်သစ်ရွက်ခြောက်များကိုသာမီးရှို့ကြကာမီးလှုံရသည်။တောသူတောင်သားများကလုပ်ငန်းခွင်ကပြန်လာပြီဆို မိမိခြံထဲမှာရှိတဲ့အသီးအရွက်များကိုချက်လိုက်ရုံဖြစ်ပြီး မြို့ပေါ်တွင်တော့ ခြံနေရာမလုံလောက်သဖြင့်အသီးအရွက်ပင်များသိပ်မစိုက်နိုင်ချေ။ထို့ကြောင့်အလုပ်ကပြန်လာသည်နှင့်မြို့မဈေးထဲသို့သွားကာဈေးဝယ်ရပြန်သည်။သို့မဟုတ် ဟင်းဆိုင်များသို့သွားကာဝယ်စားရပေ။

မြို့ဆိုတဲ့အညီ မနက်စောစောမီးလှုံနေရတာတောင် အေးအေးချမ်းချမ်းတော့မဟုတ်။လမ်းပေါ်မှာဖြစ်သွားနေတဲ့ကားများကြောင့် ထိခိုက်မိမှာစိုးသဖြင့် လမ်းမဘေး အဆောင်ကပ်ရပ်တွင်သာ မီးလှုံရသည်။ဟိုတစ်စု ဒီတစ်စု နှင့်အဖွဲ့လိုက်မီးလှုံနေကြကာ အဖွဲ့များမှာအတန်းလိုက်ကြီးဖြစ်နေချေ။ ကျောင်းသား/ကျောင်းသူများတင်လည်းမဟုတ် လိုက်ကြည့်ရှု့စောင့်ရှောက်ပေးနေသော ဂိုက်ဆရာ၊ဆရာမများလည်းပါသည်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now