Part -32

105 8 2
                                    

တဖြေးဖြေးနှင့်ကုန်လွန်သွားကြသောရက်ပေါင်းအလီလီကိုကျော်ဖြတ်ရင်းဘဝမှာပျော်ရွှင်စရာအမှတ်တရတွေနဲ့နေ့ရက်များမှာဘဝကိုသိပ်ပြီးတန်ဖိုးရှိစေလေသည်။

"ဟေ့ကောင်တွေ ဒီပဒေဿပင်စည်းကြီးကိုအောက်ကိုသယ်သွားကြနော်"

"အေးပါ ကားကရောက်လာပြီမလို့လား"

"ရောက်နေပြီတဲ့ ခုနကကျောင်းအုပ်ကြီးလာပြောသွားတယ်"

ဘုံကထိန်လှည့်ရမည့်နေ့ရောက်ပြီမို့ကျောင်းသားကျောင်းသူအားလုံးစိတ်လှုပ်ရှားနေကြသည်။နှစ်စဉ်ဆင်နွှဲနေကြပွဲတော်ပုံစံမျိုးဆိုပေမယ့်မရိုးသွားစေပဲအမြဲစိတ်လှုပ်ရှားစရာကောင်းလှချေ။ကျောင်းအောက်တွင်လည်းကိုယ့်အတန်းနဲ့ကိုယ်အဖွဲ့လေးတွေလုပ်ထားပြီးကျောင်းသားခေါင်းဆောင်မော်နီတာများကကိုယ့်အတန်းအဖွဲ့ရှေ့တွင်ရပ်ကာနေကြရသည်။ပသေဿပင်စည်းများကိုဗိမာန်တော်ထိသယ်ပေးမဲ့ကားများကလည်းကျောင်းပေါက်ဝတွင်တန်းစီကာရပ်ထားကြပေ။

ရဲရင့်ကိုမှာသူတို့အတန်းရဲ့အဖွဲ့သက်ေတဖြစ်သောအနီရောင်အလံကိုယူပြီးအလံကိုင်ရပြီးအဖွဲ့ရှေ့ကဦးဆောင်ပြီးဗိမာန်တော်သို့သွားရမယ့်ကြည်ဖြူနိုင်နဲ့ပိုးဟပ်ဖြူလက်ထဲကိုထည့်ပေးလိုက်လေသည်။အဖွဲ့ကိုယ်ဆီတစ်ဖွဲ့ချင်းကျောင်းဝန်းထဲကထွက်ရမည်မို့ကိုယ့်အဖွဲ့ကျရာနေရာတွင်အတန်းလိုက်တန်းစီလိုက်ကြပြီး‌အရင်ဆုံးကျောင်းအုပ်ဆရာမကြီးရဲ့‌ဩဝါဒကိုခံယူနေကြသည်။

ပြီးသည်နှင့်ဗိမာန်တော်ဆီအတန်းလိုက်သွားရလေသည်။ကိုယ့်အဖွဲ့ရဲ့သက်ေတအလံများနှင့်ထွက်ခွာနေကြသောကျောင်းသား၊ကျောင်းသူများအတန်းကြီးသည်သိပ်ကိုလှပလေချေ။တစ်ဖွဲ့ပြီးတစ်ဖွဲ့ကျောင်းဝန်းထဲကထွက်ကျပြီးသည်နှင့်လမ်းတစ်လျှောက်ကပြဖျော်‌ဖြေပေးရမည့်ကျောင်းသူများရဲ့ကားကလည်းနောက်ကနေကပြဖျော်‌ဖြေပေးပြီးလိုက်လေသည်။

အဓိကမိန်းလမ်းမကြီးကနေသွားရသည်မို့ကားများ၊ဆိုင်ကယ်များပြည့်နှက်နေသော်လည်းအလံလေးတွေကိုင်ပြီးဘုံကထိန်လှည့်လာနေသည့်ကျောင်းသား၊ကျောင်းသူများကိုမြင်သည်နှင့်တာဝန်ကျတာမော်တော်ပီကယ်များကဆိုင်ကယ်၊ကားများကိုဘေးသို့အတန်းလိုက်ကပ်စေပြီးသွားလာလို့အဆင်ပြေစေရန်ပြင်ဆင်ပေးကြသည်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Tahanan ng mga kuwento. Tumuklas ngayon