Part-2

381 24 0
                                    

ဘာလိုလိုနဲ့ကျောင်းတွေတောင်အပ်ခံနေကြပြီ။ကျောင်းတော်ကြီးတောင်ဖွင့်တော့မည်ကိုး....ဒီနှစ်နောက်ဆုံးနှစ်ဆိုတော့စာတွေပိုများမယ်ထင်တယ်။

"ဟေ့ကောင်...မနေ့ကရောက်လာတဲ့အောင်ပန်းသားကွာ......အချိုးမပြေဘူး"

စလာပြီ...ဒီကောင်မျိုးဇင်ဦးယောကျ်ားကြီးဖြစ်ပြီးသူများအတင်းတုတ်တာကလည်းလွန်ပါကော။

"သူ့ဘာသာသူနေတာပါကွ"

"မင်းကဘာလို့ကာကွယ်ပေးနေရတာလဲ...တကယ်စောက်ချိုးမပြေလို့ပြောကို...မင်းငါ့သူငယ်ချင်းမဟုတ်ဘူးလားသူ့ဘက်ဘာလို့ပါနေတာလဲကွ"

"မဟုတ်ပါဘူးငါကဒီတိုင်းပြောလိုက်တာပါ..စိတ်ဆိုးပါနဲ့သယ်ချင်းလေးကလည်း"

"လီး...ကိုစိတ်ဆိုးရမှာလား"

"ဟဲဟဲ....ချစ်စရာလေးငါ့သယ်ချင်းက"

"ဒီကောင်မပြောတော့ပါနဲ့ဆို"

"သူလေးရှက်နေပြီ"

အမှန်တော့လည်းမျိုးဇင်ဦးပြောတာမှန်ပါတယ်။ညနေစာစားချိန်ရောက်ပြီမို့ဆရာကြီးကမျိုးဇင်ဦးကိုအောင်ပန်းသားကိုသွားခေါ်ခိုင်းတာ.....အရေးမလုပ်ဘဲသူ့ဘာသာထသွားကာမျိုးဇင်ဦးကိုပင်မျက်မှောင်ကျုံ့ပြီးကြည့်ခဲ့တာကို..ရဲရင့်မြင်ပါသော်လည်း...ဘာဖြစ်၍လည်းမသိမျိုးဇင်ဦးကအောင်ပန်းသားအားအပြစ်ပြောတာကိုဖာထေးပေးနေမိသည်။

ညအတန်းချိန်လည်းပြီးပြီမို့ကျောင်းသားတွေအဆောင်သို့အကုန်ဝင်သွားကျပြီဖြစ်သည်။

"ဟို....အောင်ပန်းသားမင်းမဝင်သေးဘူးလား"

"........"

စကားသံထွက်မလာသည်မို့...ရဲရင့်ပဲစကားဆက်ပြောရပြန်သည်။

"ဟေ့ရောင်...မေးနေတာကို...လူမှုရေးခေါင်းပါးလိုက်တာ"

ပြောပြောဆိုဆိုပင် မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်၏။ထိုအချိန်ထိစာငုံ့လုပ်နေသည့်ခေါင်းကမော့မလာ....စိတ်တိုလာသည်မို့..ခေါင်းအားလက်နဲ့ကိုင်မိလိုက်တဲ့အခါ။

မော့ကြည့်လာတဲ့..မျက်ဝန်းညိုညို..ကော့ပြန်နေတဲ့မျက်တောင်များ၊မျက်နှာပေါ်တွင်ဝက်ခြံအမာရွက်တစ်ခုမှမရှိ၊အချိုးစားကျနစွာပေါင်းစပ်ထားတဲ့မျက်ခုံးများ....အောင်ပန်းသားကလှသည်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now