Part -18

110 8 0
                                    

"လာလာ သား ဘာကြိုက်မှန်းမသိလို့အန်တီအကုန်ချက်ထားတာကြိုက်တာသာရွေးစားနော်"

"ဟုတ် "

"အဟမ်း..... ဒေါ်ရူပရေ...သားလွဲနေပြီနော်.. "

ခွပ်!

"အာ့....!!"

"မအေကိုနာမည်အရင်းတပ်ခေါ်စရာလား....ဒီကောင်လေးကတော့...."

အခေါက်ခံလိုက်ရတဲ့အပြင်အငေါက်ပါခံလိုက်ရတာမို့ရဲရင့်ကိုမျက်နှာမဲပုတ်သွားသည်။အရင်ကအိမ်ကိုပြန်လာတာနဲ့သားငယ်လေးသားငယ်လေးဟုပါးစပ်ကမချတဲ့မားကအခုတော့ရှင်းသန့်ကိုသားသားဟုပါးစပ်ဖျားကနေမချတော့တာပင်။ရောက်တာနေ့တစ်ဝက်ပဲရှိသေးတယ်မမကြီးနှင့်မမငယ်ကပါရှင်းသန့်မှရှင်းသန့်ဖြစ်နေကြသည်။မသိရင်ရှင်းသန့်ကဒီအိမ်ကသားသူကအလည်လိုက်တာတဲ့သူငယ်ချင်းကောင်းလေးလိုကိုဖြစ်နေပြီပင်၊သူ့ကိုတစ်ယောက်မှအရေးမလုပ်ကြတော့။

[ရှင်းသန့်အောင် ရေမင်းငါ့အချစ်တွေအားလုံးကိုသိမ်းပိုက်ထားပြီးပြီလေငါ့အိမ်ကလူတွေကိုတော့ချန်ပေးပါကွာ]

[ချစ်တာချစ်တာပဲ....သူ့အိမ်ကလူတွေကိုလာလုတာတော့မခံဘူး....ပြီးတော့မင်းလဲငါ့ပဲချစ်]

"ရှင်းသန့်.... မင်းကပါငါ့ကိုပါပလစ်ထားပြီလား"

"ဟင်"

ထမင်းစားနေတဲ့ရှင်းသန့်ကိုခပ်တိုးတိုးမေးလိုက်တော့သကောင်သားဆီက"ဟင်"ဆိုတဲ့အသံပဲကြားရတာမို့စောက်မြင်ကတ်ကတ်နဲ့ပန်းကန်းထဲမှာရှိတဲ့ကြက်သားဖတ်ကိုသားဇွန်းနဲ့အတင်းချေမွကာဒေါသတွေပုံချထားလိုက်တော့သည်။ရေခဲတုံးကိုတဖတ်သတ်ကြိုက်မိတော့လည်းဒီလောက်ပလစ်ခံရတာမဆန်းပါပေ။

ရဲရင့်အခန်းမှာသာရှင်းသန့်ကိုနေစေပြီးနှစ်ယောက်အတူတူနေမည်လို့တွေးထားသည်။အဆောင်မှာလဲနှစ်ယောက်သားကုတင်တစ်ခုထဲမှာအိပ်ရတာပဲအတူတူအိပ်တာအဆန်းမှမဟုတ်တာ။ရှင်းသန့်ကတော့ထမင်းစားပြီးပြီသည်နှင့်အခန်းထဲမှာပြန်ဝင်သွား၏။ရဲရင့်ကတော့မျိုးဇင်ဦးကိုသွားခေါ်အုံးမည်ဟုပြောကာထွက်လာလိုက်သည်။

"တီတီမိုး.....မျိုးဇင်ဦး ကော"

"အော်.....ရဲရင့်ပါလား....သားသူငယ်ချင်းကအိမ်နောက်ဘေးကခုံတန်းမှာထင်တယ်"

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now