Part-5

213 14 0
                                    

"ဆရာမရှင်းပြတာနားလည်လား..Probability (ဖြစ်တန်စွမ်း)ဆိုတာဖြစ်ချင်တဲ့အရာကိုဆိုလိုတာ၊ဥပမာ- boyလည်းဖြစ်နိုင်သလို၊girlလည်းဖြစ်နိုင်တယ်"

"gayလည်းဖြစ်နိုင်ပါတယ်"

"ဟားဟား"2

"ဟီးဟီး "2

စာသင်ခန်းတစ်ခန်းလုံးပျံ့နှံ့သွားတဲ့ရယ်သံများ၊အရှေ့ကစာရှင်းပြနေတဲ့ဆရာမကကြောင်တောင်တောင်ဖြစ်သွားဟန်၊ခုနကgayဖြစ်နိုင်ပါတယ်ဆိုတဲ့အသံလာရာကိုကြည့်မိတော့သူပြောတာမဟုတ်သလိုမျိုးလေးနဲ့သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ဖြီးပြလာတဲ့ရဲရင့်ကို။

ရဲရင့်ကိုဆရာမစာရှင်းပြနေတာကိုသိပေမယ့်အခါခွင့်ကြုံတော့ဟိုနှစ်ကောင်အဖြစ်ကိုတွေးမိရင်းဝင်ပြောမိလိုက်ခြင်းသာတစ်ခန်းလုံးရီသံများနှင့်ဆူညံသွားပြီးလှည့်ကြည့်လာသောမီးဝင်းဝင်းတောက်နေတဲ့ဆရာမရဲ့မျက်ဝန်းများ၊အာချောင်မိတာသေပြီဟ။

"ရဲရင့်ကို!!"

"ဗျာ"

"ရှေ့ထွက်ခဲ့...!"

အတန်းထဲတွင်ဆရာမစာသင်တာကိုဝင်နှောင့်ယှက်မိသောရဲရင့်ကိုမှာတစ်ခန်းလုံးရှေ့တွင်ထိုင်ထအခါငါးဆယ်အပြင်အချက်နှစ်ဆယ်ပါရိုက်ခံလိုက်ရပါတော့သည်။

အရိုက်ခံရပါတယ်ဆိုဟိုအကောင်တွေကစပ်ဖြဲဖြဲနဲ့ဝေလွင်ဦးဆိုတဲ့အကောင်ပိုဆိုး၏။ရီရတာအူတွေနာသွားသည်ထင်ပါတယ်အတင်းတွေဗိုက်ကြောတွေနှိပ်ပြီးခုံအောက်ခေါင်းစိုက်ငုံ့ရီနေပေ။

"ရီလွန်ပြီးအသက်ထွက်နေအုံးမယ်"

"မင်းကဆရာမနွယ်နွယ်မြင့်နဲ့တည့်မှမတည့်ကဟိုကပညာပြလိုက်ပြီပေါ့"

"အေးကွာ...ရန်ကုန်သူတွေသိပ်ကြောက်ဖို့ကောင်း"

ဝေလွင်ဦးကဆရာ၊ဆရာမတွေရဲ့အချစ်တော်ပီပီပြောသည်။ရဲရင့်ကိုနဲ့မတည့်ရသည့်အကြောင်းရင်းကားဆရာမဘာခိုင်းခိုင်းအမြဲတလွဲလုပ်လာ၍သာဖြစ်ချေ။

.
.
.
.
"မင်းတို့ပဲစဥ်းစားကြည့်ကွာ.....ဒီကောင်ငါမုန်စျေးတန်းကိုနေကြာစိသွားဝယ်ခိုင်းတာကြတော့မဝယ်ပေးဘူး....ဟိုကောင်မလေးနဲ့ကျတော့တဟီးဟီးတဟားဟားနဲ့စာကူးတာကနည်းနည်းငါမပြောချင်ဘူး"

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now