Part -34

104 8 1
                                    

"မဂ်လာပါဆရာလေးဖိုးပြည့်"×4

"ဟင်"×2

ရုတ်တရက်ထနှုတ်ဆတ်လာကြတာကြောင့်ဖိုးပြည့်နဲ့ဝေလွင်ဦးကြောင်နေကြကာနောက်မှဖိုးပြည့်သဘောပေါက်ကာထရီမိသည်။သူတို့ဝေလွင်ဦးကိုဘူလီနေကြတာပဲ။

"မအေဘေးတွေ ....အခုမှဂါဝရတရားတွေတအားနားလည်သိတတ်နေတာဟုတ်လား"

"အေးပေါ့ကွဘယ်နေရာရောက်ရောက်ငါတို့အတွက်ဆရာဟာဆရာပဲ မင်းလည်းအတူတူပဲနော်ဆရာလို့ပဲစိတ်ထဲမှတ်ထား ကိလေသာတွေမဖုံးလွှမ်းရဘူး"

သတောင်းစားတွေအရေးထဲဆိုတအားဘူလီကြတာ၊ကိုယ်ကလည်းဆရာတပည့်ကြိုက်မိတာဆိုတော့သူတို့ဘူလီတာလဲခံရမှာပေါ့။အခုမှရဲရင့်ကိုနှင့်ရှင်းသန့်ကိုသေချာကြည့်မိပေ။ hoodie black couple တွေနဲ့ပါလား အခြေအနေကောင်းတယ်ထင်ပါရဲ့ ခွေးစာတွေလိမ့်ကျွေးနေတာပဲကြည့်လေ။

"အမယ်...ရဲရင့်တို့က black couple တွေနဲ့ပါလားနော်"

"ဟီးဟီး ....ဆင်တူဝတ်မိသလိုဖြစ်သွားတာပါ ဟုတ်တယ်မလားရှင်းသန့်"

"အင်း"

အင်းတစ်လုံးသာပြောပြီးဘာမှမပြောတဲ့သူကြောင့်သက်ပြင်းဖွဖွချလိုက်သည်။တကယ်တော့သူကိုယ်တိုင်ဆင်တူဝတ်ပြီးဟိုကောင်တွေကိုခွေးစာပစ်ကျွေးမယ်လို့တွေးထားပေမယ့်တကယ့်တကယ်ဆရာလေးဖိုးပြည့်မေးတာတော့ရှက်ရမ်းရမ်းပြီးလျှောက်ပြောလိုက်ရတာသူသာ။ဖြိုးပြည့်တို့ဆီကသိတယ်နော်ဆိုတဲ့အကြည့်တွေကိုလက်ခံရရှိနေပေမယ့်မသိချင်ယောင်သာဆောင်လိုက်သည်။

သူတို့အဆောင်ကနေပွဲဈေးတန်းကိုစထွက်တော့ညနေ၆:၄၅တောင်ရှိနေလေသည်။မြို့ထဲလမ်းမတစ်လျှောက်ဆိုင်ကယ်တွေနှင့်ပြည့်နှက်နေချေ။ကားထက် ဆိုင်ကယ်များကိုသာအသုံးပြုများကြတာကြောင့်ဘယ်နေရာကြည့်ကြည့်ကားစီးရေထက်ဆိုင်ကယ်စီးရေကပိုများလေသည်။လမ်းဘေးလက်ဖက်ရည်ဆိုင်များကလည်းလူများပြည့်နှက်နေကျကာညဈေးမတိုးခင်အဖွဲ့တွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်နေကြသူများဖြစ်ပေ။အချို့ကျတော့လက်ဖက်ရည်ဆိုင်မှာဘောလုံးပွဲကြည့်ရင်းလှည့်ကားကိုလက်ဖက်ရည်ဆိုင်ကနေကြည့်ရန်ထိုင်စောင့်နေကြသည်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now