Part -39

110 7 0
                                    

"မျိုးဇင်ဦး မင်းအာရုံတွေဘယ်ရောက်နေတာလဲ အစိန်စာမေးပွဲကဖြေဖို့တစ်ပတ်ပဲလိုတော့တယ် သေချာအာရုံစိုက်စမ်း"

"ဗျာ ..ဟုတ်ကဲ့"

စာသင်နေချိန်အာရုံမစိုက်ဘဲ ဟိုငေးဒီငေးလုပ်နေတဲ့မျိုးဇင်ဦးကို ငေါက်လိုက်ပြီး တစ်ချိန်တည်းမနေ့ကရန်ဖြစ်တဲ့ကျောင်းသားတွေအကြောင်းပါပြောရသည်။ကျောင်းသွားတာစာသင်ဖို့ကို ရန်သွားဖြစ်နေကြတဲ့ကောင်တွေကိုတော့ မှတ်လောက်သားလောက်အောင်တော့ဆုံးမပေးရမည်။မနေ့က အထက(၁)ကျောင်းအုပ်ဆရာမကြီးဖုန်းဆက်တိုင်တော့ ဖိုးပြည့်ကအလုပ်ထဲမှာဖြစ်သောကြောင့် မေ့သွားသဖြင့်ဆရာကြီးကိုအခုထိမပြောရသေး၊ဆရာကြီးသိသွားပါကမိုးမီးလောင်ပြီး ရန်ဖြစ်တဲ့ကျောင်းသားများကို အပြစ်ဒဏ်ပေးလိမ့်မည်။

"မင်းတို့အားလုံးလည်းကျောင်းပိတ်ချိန်နီးမှအူတူတူလုပ်မနေကြနဲ့  မနေ့ကကျောင်းမှာရိုးမဘော်ဒါဆောင်ကအကြီးတန်းတွေရန်ဖြစ်တယ်လို့ကြားတယ် ဘယ်သူတွေလဲ  မင်းတို့ထဲမှာပါရင် ကိုယ့်အသိစိတ်နဲ့ကိုယ်ထလာကြ"

"ကျွန်တော်တို့ပါ ဆရာလေး"

လက်တွေမြှောက်ပြပြီးသူရှိရာအတန်းရှေ့ကိုထလာကြတဲ့လေးကောင်ကိုကြည့်ပြီးသက်ပြင်းချမိသည်။ရဲရင့်ကို၊ဖြိုးပြည့်၊မျိုးဇင်ဦး၊ဝေလွင်ဦး  တကယ့်လေးကောင်ပင်။ဘာကိစ္စကြောင့်ရန်ဖြစ်နေရတာလည်းမသိ၊ကိုယ့်ရဲ့ညီတွေလိုဖြစ်နေကြတဲ့သူတွေမို့စိတ်တိုမိတာကတော့အမှန်ပင်။ပြီးတော့ရန်ဖြစ်ပြီဆိုတိုင်းရိုးမဘော်ဒါဆောင်ကဆိုတဲ့အသံကြီးကိုကြားရတာကိုလည်းစိတ်ကုန်လှပြီ။ဘယ်လောက်ဆုံးမပါစေ ၊ဆုံးမတဲ့သူသာအာညောင်းပြီးသေရုံသာ ကျောင်းသားတွေကတော့မပြောင်းလဲလာကြပေ။

မျိုးဇင်ဦးတို့ဆရာလေး‌အနားရောက်တော့ လူကအလိုလိုကိုလက်ပိုက်၊ခြေထောက်ညီထားလိုက်သည်။ဒီတိုင်းအချိန်များမှာသာဆရာလေးကသူတို့နဲ့ပေါတောတောနေပြီးစနောက်တတ်ပေမယ့် စိတ်တိုနေတဲ့အချိန်ကျရင်တော့အရိုက်သန်ပြီးကြောက်ဖို့တကယ်ကောင်းလေသည်။ရိုက်တဲ့အချိန်တွင်ခြေထောက်ကိုစုံရပ်ကာညီညီထားထားရပြီး၊နို့မို့ဆို ကိုပြီးနာအောင်ရိုက်ကာအချက်ရေပိုများလေချေ။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now