Part-12

138 11 0
                                    


"ရဲရင့်မင်းခြေထောက်ကမပျောက်သေးဘူးလေကျောင်းလိုက်မလို့လား"

"အေးလေ.....အဆောင်မှာနှစ်ရက်လောက်ဒီတိုင်းနေရတာပြင်းတယ်ကွ"

ခြေကျင်းဝတ်လွဲသွားတာကအထိမပျာက်သေး၊လမ်းလျှောက်ရင်နာနေသေးပေမယ့်အရမ်းကြီးတော့မဟုတ်သူတို့အားလုံးကျောင်းသွားရင်အဆောင်မှာတစ်ယောက်ထဲကျန်ခဲ့ရသည်။ဒီနေ့တော့အဆောင်မှာမနားတော့ချင်ကျောင်းလိုက်ဖို့ပြင်မိသည်။

"အေးပါ....ငါတို့ကပထမအသုတ်နဲ့သွားရမှာမင်းနဲ့အောင်ပန်းသားကဒုတိယအသုတ်နဲ့လိုက်ခဲ့"

"ဖြိုးပြည့်ရာ...... သူများသားသမီးကိုနာမည်ရှိရစမ်းနဲ့မဟုတ်ကဟုတ်ကနာမည်တွေခေါ်နေတာ"

"သူတောင်ဘာမှမပြောတာ......ရဲရင့်ရေ...မင်းကဘာဖြစ်နေတာလဲ"

"ငါကဘာဖြစ်ရမှာလဲကွ"

မျိုးဇင်ဦး ကကြားဖြတ်ဝင်ပြောလာ၍ရဲရင့်ကိုမှာအလိုမကျစွာနှုတ်ခမ်းဆူမိသည်။အဖြစ်သည်းနေကြတာတစ်ယောက်ကိုပြောတာနဲ့နောက်တစ်ယောက်ဝင်ပြောကြပြီးရဲရင့်ကိုခွေးစာတွေလိမ့်ကျွေးနေသည်လို့တောင်ထင်မိ၏။

မျိုးဇင်ဦး အခုတလောရဲရင့်ပြောင်းလာသည်ဟုထင်မိပေ။တစ်ခုခုဆိုအောင်ပန်းသားဘက်ကအောင်ပန်းသားမှန်တယ်ပဲပြောနေ၍အောင်ပန်းသားကိုများကြိုက်နေတယ်လို့ထင်လာသည်။ပတ်ပင်းတိုးပါလိမ့်မည်ရှပ်ပြာပြာကောင်နဲ့အေးတိအေးစက်ကောင်ရ။

ဖြိုးပြည့်တို့ပါသောဘော်ဒါဆောင်ကကျောင်းကိုသွားတဲ့ပထမအသုတ်ကသွားပြီမို့၊သူတို့ဒုတိယအသုတ်နောက်15မိနစ်ကျရင်ကျောင်းသို့ထွက်ခွာရမည်။ရှင်းသန့်ကကျောင်းသွားရတော့မည့်အချိန်နီးပြီမို့ကုတင်ပေါ်မှာခြေ ချထိုင်နေတဲ့ရဲရင့်ကိုလာခေါ်ပြီးဘော်ဒါဆောင်အပေါက်ဝထိတွဲ၍လာသောကြောင့်တော်သေးသည်ဟုဆိုရမည်။

"ရှင်းသန့် မင်းငါ့ကိုကျောင်းထိတွဲခေါ်သွားမလား"

"အင်း"

"ရှင်းသန့် ..."

"ဟင်"

"ရှင်းသန့် ...."

"ပြောလေ...ဘာဖြစ်လို့လဲ"

"ဟို....ငါမနက်စာမစားခဲ့ရဘူး...အာ့မို့ဗိုက်ဆာတယ်"

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now