Part -27

106 6 0
                                    

"မျိူး...မျိူးဇင်ဦး ငါမေးစရာရှိတယ်"

"အင်း မေးလေ ဖြိူးပြည့်"

"မင်း မင်းမမကို ဘယ်လောက်ထိတောင်ချစ်တာလဲဟင်"

"ငါ့အသက်ထက်ပိုချစ်တာ...မမကသိပ်ကိုယ်လှတဲ့အမျိူးသမီးလေးပီးတော့ငါ့မြတ်နိုးတယ်ဖြိူးပြည့်မမကိုပဲငါ့လက်ထပ်ယူမှာ...ဒါမဲ့ မမဆီက အဖြေတောင်မရသေးပါဘူးကွာ ဟဲဟဲ"

မင်းတောင်မင်းရဲ့မမကိုမင်းအသက်ထက်ပိုချစ်တာငါ့သာဆိုရင်ကောမင်းကိုဟိုးးငယ်ငယ်လေးထဲကချစ်လာခဲ့ရတာခုထိပဲသိလားမျိူးဇင်ဦးငါ့ဘက်ကိုရောတစ်ခါလောက်လေးငဲ့ကြည့်ပါအုံးလားအချစ်ရယ်။

"မျိူးဇင်ဦး...ငါမင်းကိုပြောစရာရှိတယ်"

"အင်း ပြော ဖြိုးပြည့် ဘာလဲ..."

"ငါ့ကိုရောတစ်ခါလောက်လေးမစဉ်းစားပေးချင်ဖူးလားဟင်...ငါမင်းကိုတကယ်ချစ်တာပါ...မင်းငါ့အချစ်တွေကိုမယုံဘူးလားဟင်"

ခွပ် ခွပ်...!!

"ဟျောင့် မင်းလူစကားနားမလည်တာလားဟမ် ယောကျ်ားချင်းကြိုက်ရအောင်ကငါကမင်းလိုgayမဟုတ်ဘူးကွ အရှက်လေးရှိစမ်းပါအုံးဖြိုးပြည့်..မင်းသိအောင်တစ်ခုတော့ပြောလိုက်မယ်...အေး ငါချစ်တာမမကိုယ်ငါလက်ထပ်ယူမဲ့သူကလဲမမပဲ အဲ့ဒါမင်းသိထား... တောက်စ်"

အဟက်!မင်းထိုးသင့်ပါတယ်အချစ်ရယ်မင်းထိုးသင့်ပါတယ်ကွာ၊ငါ့နည်းနည်းလေးအတ္တကြီးမိရုံပါဘဲအချစ်၊မင်းထိုးသွားတာမဖြုန်ဘူးဒါမဲ့ရင်ထဲမှာတော့တစ်ဆစ်ဆစ်နဲ့နာကျင်ရတယ်၊ဟုတ်ပါတယ်မင်းကငါ့လိုမှgayမဟုတ်တာမင်းမှန်ပါတယ်အချစ်။

"မျိုးဇင်ဦး ငါက... gay အော်.... မင်းတို့ပြောသလိုအခြောက်ဆိုရင်တောင်ငါ့ရဲ့ဖြစ်တည်မှုကမင်းအတွက်ပဲကွ"

မင်းကသိပ်အထင်သေးလွန်းတယ်အချစ်၊ငါ့ကိုရောငါအချစ်တွေကိုကော ဒီနေ့တော့ငါပြောပါရစေကွာ၊ဘာလို့လဲဆိုတော့ဒါငါဘက်ကနောက်ဆုံးမင်းကိုစပြီးချစ်တာပြောတာမလို့ပဲ။

"မဆိုင်တာတွေမပြောနဲ့ မင်းကိုဘယ်သူကခြောက်ခိုင်းနေလို့လဲ မင်းဘာသာမင်းဂေးချင်သလိုဂေး၊ကွေးချင်သလိုကွေးလို့ဝမှငါ့ကြောင့်ဆိုပြီးခေါင်းစဥ်မတတ်စမ်းပါနဲ့ရွံလွန်းလို့ပါ"

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now