Part -35

98 7 0
                                    

"မား ဒီကောက်ညှင်းပေါင်းအိုးကြီးကိုသားတို့အခုယူသွားရမှာလား"

"ရတယ် အမေတို့သယ်ခဲ့မယ် သားတို့ကသားအဖေနဲ့လိုက်သွားကြနော် တရားနာတဲ့လူတွေမလာခင် ကျောင်းပေါ်ကိုသန့်ရှင်းရေးအရင်လုပ်လိုက်ကြအုံး"

"ဟုတ် အဲ့တာဆို သားတို့သွားနှင့်မယ်နော်"

ဒီနေ့ကတန်ဆောင်မုန်းလပြည့်နေ့မလို့သူတို့အိမ်ကညပဌာန်းနာသူတွေကိုကုသိုလ်လုပ်ဖို့ကောက်ညှင်းပေါင်းပေါင်းပြီးဘုန်းကြီးကျောင်းကိုကုသိုလ်သွားလုပ်ကြမည်။ည၇နာရီထိုးနေပြီမို့ ပဌာန်းနာသူတွေမလာခင်ကျောင်းကိုအရင်သွားကာသန့်ရှင်းရေးလုပ်ရသည်။ဖြိုးပြည့်တို့အပြင်ဆရာလေးဖိုးပြည့်ကိုပါအိမ်မှာအိပ်ဖို့ခေါ်ထားသောကြောင့်သူတို့ခြောက်ယောက်လုံးလူစုံနေကြချေ။

မျိုးဇင်ဦးကတော့သူ့အဖေနဲ့နောက်မှလိုက်ခဲ့မည်လို့ပြောသောကြောင့်သူတို့ငါးယောက်သာအရင်ဘုန်းကြီးကျောင်းသို့ထွက်ခဲ့ကြလေသည်။အရင်ဆုံးသိမ်ကျောင်းပေါ်သို့သွားကာတံမြက်စည်းလှည်းပေးကြပေ။ရဲရင့်ကိုနဲ့ရှင်းသန့်အောင်ကတစ်ဖွဲ့၊ဖိုးပြည့်နဲ့ဝေလွင်ဦးကတစ်ဖွဲ့၊ဖြိုးပြည့်ကတော့မျိုးဇင်ဦးမလာသေးတာကြောင့်တစ်ယောက်ထဲသာ။

သိမ်ကျောင်းပေါ်ကိုတံမြက်စည်းလှည်းပြီးတော့ဆွမ်းစားကျောင်းပေါ်သို့သွားလှည်းပေးကြကာတစ်ကျောင်းပြီးတစ်ကျောင်းတံမြက်စည်းလှည်းပေးကျချေ။ကျောင်းကစုစုပေါင်း၇ကျောင်းတောင်ဘုန်းကြီးကျောင်းဝန်းပရိဝုဏ်ထဲတွင်ရှိပြီးရွာရဲ့တစ်ဆူထဲရှိဘုရားစေတီနှင့်လည်းလုံးဝကိုကပ်ရပ်ပင်။

"ရှင်းသန့် "

"အင်း"

"အားလုံးလှည်းပြီးသွားရင်ဘုရားပေါ်သွားရအောင်ကွာ"

"တရားမနာဘူးလား"

" ဟီးဟီး ငါကဘုရားတရားနဲ့သိပ်ဓာတ်မတည့်ဘူး"

တကယ်လည်းရဲရင့်ဘုန်းဘုန်းဟောကြားမဲ့ပါဠိတော်တွေကိုနားမလည်ပါ။နားမလည်မသိဘဲတရားနာရင်းအိပ်ငိုက်နေရမည့်အစားဒီလိုလေးပတ်သွားနေတာကပိုကောင်းသည်ဟုသူထင်သည်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now