Part -40 Final

340 10 2
                                    

"စောက်အဓိပ္ပာယ်မရှိတာကွာ"

"သောက်ရူးဘာတွေထပေါက်နေတာလဲ"

"ဝေလွင်ဦး မင်းပဲစဉ်းစားကြည့်ကွာ ဒီနေ့ဘာနေ့လဲ"

"အော် ...တနလာ်နေ့လေ"

"သွားပြီ ဘာမှသုံးစားလို့ကိုမရတော့ဘူး မင်းလိုကောင်ကစာပဲတော်တာ ကျန်တဲ့နေရာမှာတုံးအပြီးဉာဏ်မရှိဘူး"

"မင်းကလည်းအဲ့လောက်ကြီးတော့မဖဲ့ပါနဲ့ကွ မင်းပဲဒီနေ့ဘာနေ့လဲလို့စဉ်းစားခိုင်းတာလေ အဲ့တာကြောင့်ငါက တနလ်ာနေ့မို့တနလ်ာနေ့လို့ဖြေတာလေမျိုးဇင်ဦးရာ"

"လဒူကောင် ဒီနေ့ ဖေဖော်ဝါရီ၁၃ရက်ဗိုလ်ချုလ်အောင်ဆန်းမွေးနေ့လေကွာ "

"အေး ...သိတယ်လေ ဘာဖြစ်လို့လဲ"

"အဲ့တာကိုကျောင်းမပိတ်ပေးဘူးကွာ"

"သတောင်းစား ဒီလိုနေ့ကျတော့ပိတ်ချင်တယ်နော် မနက်ဖြန်လိုနေ့ကျတော့မပိတ်ချင်ဘူး စာမေးပွဲဖြေမှာပါဆိုဘာလို့ပိတ်နေမှာလဲကွ"

"မနက်ဖြန်ကျရင်တော့ ပိတ်လို့ကမလားကွ international Valentine day လေကွာ ...ဟဲဟဲ"

အရင်နှစ်တွေကဆို သူတို့လိုအထက်တန်းနောက်ဆုံးနှစ်တွေက နောက်ဆုံးမှစာမေးပွဲဖြေကျရသည်။မနှစ်ကနှင့်ဒီနှစ်ကတော့ သူတို့အကြီးတန်းတွေအပါအဝင် အငယ်ဆုံးတန်းတွေပါတစ်နေ့ထဲဖြေရသောကြောင့်အရင်က၃လပိုင်းမှဖြေရတဲ့သူတို့က ဒီနှစ်တွေမှာတော့၂လပိုင်းအတွင်းသာဖြေကြရသည်။ပြီးတော့သူတို့အပါအဝင်ကျောင်းသားအများစုကအရေးကြီးဆုံးဖြစ်တဲ့ စာမေးပွဲထက် ချစ်သူများနေ့ကိုသာစိတ်လှုပ်ရှားနေကြသည်။စာမေးပွဲအတွင်းမှာ ချစ်သူများနေ့ကကျရောက်သောကြောင့် ကျောင်းသားအများစုသည်စာမေးပွဲဖြေရမှာကိုပင် မေ့နေသလိုဖြစ်နေကြချေ။

"ဟေ့ကောင်တွေ...ဘာတွေပြောနေကြတာလဲ"

"ဟီးဟီး ဘာမှမပြောပါဘူးဆရာကြီးဗျ"

"ပြီးတာပဲ လူစုံကြပြီးလား သွားကြမယ်ဒါဆို"

‌ဒီနေ့ကျောင်းကိုဆရာကြီးလိုက်ပို့မှာဖြစ်သောကြောင့်သူတို့အဆောင်ဝကိုစောင့်နေရင်းစကားပြောနေကြတာဖြစ်သည်။ဒီမြို့တွေဘက်ကဘော်ဒါဆောင်အများစုဒီလိုပါပဲ နောက်ဆုံးနှစ်ကျောင်းသားတွေစာမေးပွဲဖြေရတော့မယ်ဆိုအထူးဂရုစိုက်ကြပြီး စာမေးပွဲ‌ဖြေရင်လည်း ကျောင်းဝိုင်းထဲမှာစောင့်ပေးကြပေ။ဆရာကြီးကတော့ သူတို့ကိုကျောင်းလိုက်ပို့ပေးပြီးသည်နှင့်ပြန်မှာဖြစ်ပြီး ဂိုက်ဆရာများဖြစ်ကြတဲ့ ဆရာလေးဖိုးပြည့်နဲ့အမရတီကသူတို့စာမေးပွဲအခန်းထဲကနေပြန်ထွက်လာတဲ့အထိကျောင်းဝန်းထဲမှာစောင့်နေပါလိမ့်မယ်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now