Part -37

113 5 1
                                    

ကျောင်းဆင်းပြီဆိုတာနဲ့ကျောင်းဆင်းပြီဆိုတာနဲ့ ခြေလှမ်းများကတက်ကြွစွာ ဘော်ဒါဆောင်သို့ဦးတည်လျက်ရှိသည်။အကြောင်းအရင်းတစ်စုံတစ်ရာများထူးခြားလေမလားဟုကျောင်းအပြန်ဘော်ဒါဆောင်မှူးဆီပြေးပြေးမေးရတာလည်းဒီရက်ပိုင်းအတွင်းအလုပ်တစ်ခုလိုဖြစ်နေသည်။ထိုအခါတိုင်းဘေးနားကဝိုင်းစနောက်တဲ့သူငယ်ချင်းများကိုလည်းမရှက်နိုင်တော့ မျှော်ရှာသူကိုသာဆက်လက်မျှော်ရှာနေမိချေ။

"ဆရာကြီး ဟို...ဟိုလေ"

"ရှင်းသန့်အောင်ပြန်ရောက်နေပြီလား အဲ့တာမေးမလို့မလား "

"ဟီးဟီး ...ဆရာကြီးကလည်းကျွန်တော်ဘာမှတောင်မပြောရသေးဘူးလေဗျာ"

"မင်းပြောစရာကိုမလိုတော့ဘူး သွားတော့အဆောင်ပေါ်ကို မင်းအကောင်ပြန်ရောက် ..ဟာဟေ့ကောင်စကားကိုပြီးအောင်တောင်နားမထောင်တော့ဘူး နေပါအုံးကွ"

ပြန်ရောက်ဆိုသောစကားလုံးလေးကြားလိုက်တာနဲ့တပြိုင်နက်အဆောင်ပေါ်လုံးနေအောင်ပြေးသွားတဲ့တပည့်ဖြစ်သူကိုကြည့်ပြီးခေါင်းသာယမ်းလိုက်ပါတော့သည်။အော်...သူ့ကိုတောင်နှုတ်ဆတ်မသွားနိုင်တော့ဘူး အဲ့လောက်သူငယ်ချင်းပေါ်ချစ်နေတာကြီးကျတော့လည်းအမြင်ကတ်လိုက်ပေ။ရှင်းသန့်အောင်အိမ်ပြန်သွားတဲ့နေ့ထဲက ကျောင်းကပြန်လာပြီဆို သူ့ဆီကိုလာလာမေးတာ အလုပ်တစ်ခုလိုသာဖြစ်နေသည်။

ရဲရင့်ကိုဆရာကြီးစကားဆုံးအောင်ပင်နားမထောင်နိုင်တော့ အဆောင်ဘက်ကိုသာပြေးလာလိုက်တော့သည်။အရမ်းလွမ်းနေရသူကိုပြန်တွေ့ရမှာကြောင့်စိတ်လှုပ်ရှားနေသလို ဒီနေ့မှအဆောင်လှေကားထစ်တွေကပိုများနေသလိုပင်ခံစားနေရချေ။တစ်ထစ်ပြီးတစ်ထစ်ကိုမြန်မြန်ဆန်ဆန်သာတက်နေပေမယ့် လှေကားချပ်၁၂ချပ်က ၁၂၀၀ချပ်လောက်ဖြစ်နေကာ မဆုံးနိုင်တော့သလိုခံစားနေရတာကြောင့်မျက်ရည်တောင်ဝဲချင်လာမိသည်။

"ရဲကို..."

ထိုအချိန်အခန်းထဲကနေထွက်လာပြီးသူရပ်နေတဲ့လှေကားချပ်တွေဆီသို့လှမ်းလာပေးတဲ့ရှင်းသန့်။သူ့ဘက်ကလှမ်းမလာနိုင်ခဲ့ရင်တောင်သူ့ဆီကိုလှမ်းလာခဲ့ပေတဲ့ထိုလူသားကြောင့် ပျော်မိသည်။ဟုတ်တယ်ရှင်းသန့် ငါ့ဘက်ကလှမ်းမလာခဲ့ရင် မင်းဘက်ကနေလှမ်းလာခဲ့ပေးရမယ် အဲ့တာမှငါတို့ဆုံစည်းရမှာ။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Waar verhalen tot leven komen. Ontdek het nu