Part -3

293 19 0
                                    

" ရဲရင့်ကိုတို့အဖွဲ့"

"ဗျာ..ဆရာ"

"မင်းတို့နော်...ဒီနေ့မှကျောင်းစဖွင့်ရက်မွှေမနေနဲ့ "

"ဟာ ဆရာကလည်းသားတို့ကလိမ်မာပါတယ်ဗျ"

"တော်စမ်းပါကျော်သန်းရာ...မနှစ်ကလည်းရန်ဖြစ်လို့ကျောင်းအုပ်ကဖုန်းဆက်ရင်မင်းတို့အဖွဲ့ပဲ"

"ဆရာလေးဖိုးပြည့်"

"ဟေ..."

"အခုနကပြောတဲ့စကားပုံကမပြီးသေးဘူးလေ"

"ဟုတယ်ဆရာလေး.....တော်စမ်းပါကျော်သန်းရာ...မင်းပေးတဲ့ကြက်မကြီးကဥလည်းမဥဘူးလို့ပြောရာမှာဆရာရဲ့စကားပုံဆိုတာပြီးအောင်ပြောရတယ်"

တောက်...! တပည့်ကဆရာပြန်လုပ်တာခံရတယ်လို့၊ဖိုးပြည့်...ဖိုးပြည့်မင်းအဲ့အဖွဲ့ကိုမနိုင်မှန်းသိရစမ်းနဲ့စကားပုံတွေနဲ့သွားလုပ်တာခံပေးစမ်း။

"ဟေ့ကောင်....ဖြိုးပြည့်မင်းဆရာလားငါဆရာလားကွ"

"ဆရာလေးကဆရာပါဗျ"

"အေး....အာ့ဆိုမင်းနဲ့ငါနဲ့တွေ့မယ်"

ဆရာဖိုးပြည့်နဲ့ဖြိုးပြည့်နာမည်ချင်းဆင်သလောက်တည့်ကိုမတည့်ဘူး။ဟိုကောင်ဖြိုးပြည့်ကလည်းနေရာတကာဆရာလုပ်ချင်တာဆရာတောင်မကျန်ပေ။

ဆရာကိုဆရာပြန်လုပ်တာခံရတော့ဆရာဖိုး​ပြည့်ဒေါခီးတာမစမ်းပေ။

မြို့အလယ်စိန်ပန်းပင်ကြီးများဖြင့်ဝန်းရံထားသော(အ.ထ.က.1)အထက်တန်းကျောင်း
မြို့ပေါ်ကကျောင်းသားတွေသာမကရွာအရပ်ရပ်ကကျောင်းသားများလာရောက်တက်သောကြောင့်နှစ်စဥ်ကျောင်းသား4ထောင်ကျော်ရှိသောကျောင်းကြီး။

ကျောင်းပေါက်ဝကိုခြေစလှမ်းလိုက်တာနှင့်အကျီအဖြူနှင့်ပုဆိုး၊ထဘီအစိမ်းများဆင်တူဝတ်ဆင်ထားသောကျောင်းသားများ၊မိမိသက်ဆိုင်ရာကျရောက်တဲ့အခန်းများကိုလိုက်ရှာနေကျသူများနှင့်အခုမှစပြီးကျောင်းအပ်သောကျောင်းသားများဖြင့်ခြေရှုပ်နေကြသည်။

"ရိုးမဘော်ဒါဆောင်က Bioတွဲယူထားတဲ့ကျောင်းသားတွေက အပေါ်ထပ်ကျောင်းအုပ်ကြီးရုံးခန်းရဲ့အရှေ့ဘက်အခန်းS4ကိုသွားပေးကြပါနော်။"

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now