Part-14

118 9 0
                                    

ဒီနေ့ဘော်ဒါဆောင်မှာ Physicsစာမေးပွဲဖြေခိုင်းပြီးရမှတ်တွေပြောပြနေကြသည်။လူ50ကျော်သည်မို့တစ်ယောက်ပြီးတစ်ယောက်ကိုပြောပြရင်းနောက်ဆုံးတွင်ရဲရင့်တို့အလှည့်ရောက်လာသည်။ရဲရင့်နဲ့မျိုးဇင်ဦးကကိုယ်ဖြေထားတာကိုယ်သိတာမို့ကုပ်ကုပ်လေးငြိမ်နေကြဖြေမယ့်ဝေလွင်ဦးကတော့စိတ်လှုပ်ရှားနေသည့်ဟန်ဖြင့်စာရေးခုံပေါ်တွင်တင်ထားသောသူ့လက်ကိုငြိမ်ငြိမ်မနေဟိုခြစ်ဒီခြစ်၊ဟိုခေါက်ဒီခေါက်လုပ်နေသည်။ဖြိုးပြည့်ကတော့စာမေးပွဲဖြေပြီးသည်နှင့်ခေါင်းကိုက်သည်ဟုဆိုကာဆရာကိုခွင့်တောင်းပြီးအဆောင်ပေါ်သွားနားနေလေ၏။

"ရဲရင့်ကို40၊မျိုးဇင်ဦး41၊ဖြိုးပြည့်42၊ဝေလွင်ဦး90၊ရှင်းသန့်အောင်100"

ရမှတ်တွေကဖြိုးပြည့်တို့နဲ့ရဲရင့်ကိုကအတူတူပဲဆိုပေမယ့်ဟိုကောင်သစ္စာဖောက်ဝေလွင်ဦးကတော့ဂုဏ်ထူးမှတ်ရလေသည်။

"ရှင်းသန့်အောင် ကဒီတစ်ခေါက်အမှတ်အများဆုံးပဲနော်"

"ဝိုးးးဝါးး"all

တစ်ခန်းလုံးရဲ့အော်သံတွေနဲ့မျက်လုံးတွေကရှင်းသန့်အောင်၌သာရှိနေကြသည်။ဝေလွင်ဦးကတော့အရင်ကအပတ်တိုင်းသူကသာဗိုလ်ဆွဲခဲ့ပေမယ့်အခုတော့ရှင်းသန့်ကသာဗိုလ်ဆွဲသွားသည်မို့တစ်ဝိုးဝိုးတစ်ဝါးဝါးလုပ်နေကြသူများအားမျက်စောင်းတစ်ထိုးထိုးနှင့်သာ။

"ရဲရင့်ကိုမင်းတို့အဖွဲ့မှာဝေလွင်ဦးကလွဲရင်ကျန်တဲ့သူတွေCတောထဲက ကိုမထွက်ဘူးနော်...ကြပ်ကြပ်သတိထား....အပြစ်ဒဏ်အနေနဲ့Cရတဲ့သူတွေကယောကျ်ားလေးသန့်စင်ခန်းနောက်ကပေါင်းတွေရှင်းရမယ်..."

ယောကျ်ားလေးအများစုကသာ40ကျော်60တွင်းတွေရကြပေမယ့်မိန်းခလေးတွေကတော့60ဆိုတာအနည်းဆုံးပင်၊မိန်းခလေးတွေကယောကျ်ားလေးတွေထက်စာပိုလုပ်ကြပြီးအမှတ်နည်းလို့အလှောင်ခံရမည်စိုး၍လည်းပါသည်။ည1နာရီလောက်ထိမိန်းကလေးတွေအဆောင်ဘက်ကစာကျက်အသံများကိုကြားရပေမယ့်ထိုအချိန်ဆိုလျှင်လည်းယောကျ်ားလေးအဆောင်ကလည်းဆူညံနေ၏။စာကျက်အသံများတော့မဟုတ်စကားပြောငြင်းခုံသံများနှင့်ဖဲခိုးရိုက်ကြသောအသံများသာဖြစ်သည်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now