Part 1

3K 224 1
                                        

အခန်း ၁ ပြန်လည်ကူးပြောင်း

လုယန် ပြန်လည်ကူးပြောင်းလာခဲ့လေရဲ့။

လွန်ခဲ့တဲ့ နှစ်နှစ်က သူမဝိညာဉ်ဟာ ကမ္ဘာပျက်ကပ်ကို ကူးပြောင်းသွားခဲ့ရတယ်။ လူတွေကို ဖြစ်ထွန်း စည်ပင်လာပြီး လုံခြုံတဲ့ဘဝမှာ နေထိုင်ဖို့ လမ်းညွှန်ပေးရမဲ့ တာဝန်ပြီးမြောက်ပြီးနောက်မှာ သူမ ပြန်လည်ကူးပြောင်း လာရတာပဲ။

သူမနားထဲ ပေါက်ကွဲလာတဲ့ ရွံရှာဖွယ်အသံက ရင်းနှီးနေတဲ့ ပျက်စီးယိုယွင်းမှုနဲ့ သွေးနံ့ကို အစားထိုးသွားတယ်။

"အလှလေး ကိုယ်လာပြီ"

"အလှလေးယန် ကိုယ့်စကားကို လိမ်လိမ်မာမာလေး နားထောင်။ မင်းလေးသာ ကိုယ့်ကို ကောင်းကောင်းခစားရင် ဖရဲသီးရုပ်ရှင်ထဲက S+ ဝဘ်ဒရာမာစီးရီးမှာ ဒုတိယအမျိုးသမီးဇာတ်လိုက် နေရာပေးမယ်။ မင်းမှာ တောက်ပတဲ့ အနာဂတ်ရှိလာလိမ့်မယ်"

လုယန်က သူမမျက်လုံးတွေကို ဖွင့်ကြည့်လိုက်ရာသူမဟာ ဟိုတယ်ရှိ နူးညံ့တဲ့ အိပ်ယာပေါ်တွင် လဲနေကြောင်း သိလိုက်ရတယ်။

သူမရှေ့တွင် ဝတုတ်နေတဲ့ ဗိုက်နဲ့ ရွံရှာစရာလူက သူ့အဝတ်တွေကို အမြန်ချွတ်နေတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အဆီက သူ့လှုပ်ရှားမှုနဲ့အတူ လိုက်ခုန်ပေါက်နေတာ မြင်လို့တောင်မကောင်း။

မသတီစရာလူက လုယန်နိုးလာတာကို မြင်ပြီး အမြန်ပြေးလာတယ်။ မသတီစရာလူရဲ့ ပါးစပ်က သွားဝါဝါတွေကို မြင်ချိန် လုယန် ရုတ်တရက် မူးဝေသွားရတော့တယ်။

သူမ သေအောင် ရွံနေပြီ။

"လာပါဦး အလှလေး"

လုယန်ရဲ့ တုံ့ပြန်မှုက အလွန်လျင်မြန်ကာ ကြမ်းပြင်ပေါ် လှိမ့်ချလိုက်တာကြောင့် မသတီစရာ အမျိုးသားကို လွဲချော်သွားစေတယ်။ အမျိုးသားက ဒေါသမထွက်ရုံတင်မက ပိုပြီးတောင် စိတ်လှုပ်ရှားလာကာ၊ "အလှလေးက မျှော်လင့်ထားသလိုပဲ၊ မင်းက ဘယ်လို ကစားရမလဲဆိုတာ သိတာပဲ"

လုယန်က သတိပြန်ရနေပြီ။ သူမက စကားတစ်ခွန်းမပြောဘဲ အခုထိ ထမရပ်ရသေးတဲ့ မသတီစရာလူကို ကန်ထုတ်လိုက်တယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Tahanan ng mga kuwento. Tumuklas ngayon