Part 67

510 56 0
                                        


အခန်း ၆၇ နိဂုံးချုပ် (၁)

"မင်းက ဘာမှမဟုတ်သလို အသုံးလဲ မကျဘူး"

"လုမင်ယွဲ့ရဲ့ နောက်စာကြောင်းက ချင်ယိထန်ကို သူနေမကောင်းရင် ယန်ယန်ကို လာမရှာနဲ့။ သူမက တိကုဆရာဝန်မဟုတ်ဘူး ဆိုတာ ငါမျက်လုံးစုံမှိတ်ပြီး ခန့်မှန်းနိုင်တယ်"

ချင်ယိထန်က ဒေါသအရမ်းထွက်ပြီး ထခုန်လုနီးပါးပဲ။

သူက ဒေါသတကြီးတွေးလိုက်တယ်။ "သူတကယ်ကြီး ငါ့ကို အရိုင်းအစိုင်းလို့ ခေါ်လိုက်တာ"

လုယန်က လှောင်ရယ်လိုက်တယ်။

လင်းရှင်းမုန့်က ဒါကိုမြင်တော့ အူမြူးနေပြီး သူမနှလုံးသားထဲမှာ သူတို့ရဲ့ ကံဆိုးမှုအတွက် ပီတိဖြာနေတယ်။

သူမတွေးလိုက်တယ်။ "သူက ချင်မိသားစုရဲ့ တတိယသခင်လေးကို တကယ်လှောင်ပြောင်ရဲတယ်။ သူတို့တော့ ပြဿနာတတ်ပြီ"

ချင်ယိထန်ရဲ့ မျက်လုံးတွေက လုယန်နဲ့ လုမင်ယွဲ့ကြား ဟိုရွေ့ဒီရွေ့ဖြစ်နေပေမဲ့ သူ့ဒေါသက တဖြည်းဖြည်း အနည်ကျသွားတယ်။

"ဒီနေ့ NPC က လုယန်ကို ဘယ်လို မျက်နှာလုပ်လဲဆိုတာ ငါ အများကြီးသင်ယူခဲ့ရတယ်။ လုယန်ကို ရယ်အောင် လုပ်နိုင်ပြီး ငါက သူမကို သွယ်ဝိုက်နည်းနဲ့ မျက်နှာလုပ်လိုက်တာပဲ" သူတွေးလိုက်တယ်။

ချင်ယိထန်က ရုတ်တရက် ဉာဏ်အလင်း ရသွားတယ်။ သူက မေးမော့ပြီး လုမင်ယွဲ့ကို လှောင်လိုက်တယ်။ "ငါဒီမှာ မရှိရင် မင်း ဟာသက လုံးဝရယ်စရာ မကောင်းဘူး"

လင်းရှင်းမုန့်က ဇဝေဇဝါဖြစ်ပြီး အံ့ဩသွားတယ်။ "အဆူခံရတာတောင် သူက ဘာလို့ ဂုဏ်ယူတဲ့ပုံပေါ်နေတာလဲ"

လင်းရှင်းမုန့်က ကိုယ့်ကိုယ်ကို မယုံနိုင်တွေဖြစ်ပြီး

ကမ္ဘာကြီးကပဲ ရူးသွားတာလား သူမကပဲ အမှားလုပ်မိတာလား သိချင်သွားမိတယ်။

"ရှင့်ရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်ကို ကျွန်မလက်ခံပေမဲ့ မြှောက်ပင့်တာကို မကြိုက်ဘူး"

လုယန်က ဆက်ပြောရင်း သူမမျက်လုံးတွေက အပြုံးနဲ့တောက်ပနေတယ်။ "လူတိုင်းဆာနေကြပြီဆိုတော့ ကျွန်မတို့ စကားမပြောခင် အရင်စားရအောင်"

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now