part 58

666 58 0
                                        


အခန်း ၅၈ ပြဿနာဖြစ်

သူမက သူမရဲ့အိတ်ကို ထပ်မံထုပ်ပိုးပြီး စထွက်လာတယ်။

ချင်ယိထန်က သူ့ပတ်ပတ်လည်က ကျောက်တောင်စွန်းတွေ၊ ကြမ်းတမ်းတဲ့ သစ်ပင်တွေနဲ့ ခပ်လှမ်းလှမ်းကို ကြည့်လိုက်တယ်။ သူ ပိုပိုပြီး မလွယ်ကူသလို ခံစားလာရတယ်။

သူတင်မကဘူး လင်းရှင်းမုန့်လဲပဲ အရမ်းစိုးထိတ်နေတယ်။ အသံတိုးတိုးလေးနဲ့ တိတ်ဆိတ်နေတဲ့ ကာလအပိုင်းအခြားကတောင် သူမကို ထိတ်လန့်စေတယ်။

သူတို့နှစ်ယောက်က အရမ်းစိတ်ဖိစီးနေပြီး မကြာခဏအော်ဟစ်နေရတယ်။ စခရင်ရှေ့က ပရိသတ်တွေတောင် ကျောရိုးတွေအေးခဲသွားသလို ခံစားရတယ်။

မိနစ်၃၀ကြာပြီးနောက် လူတိုင်းက ရှင်းလင်းပြီး ကြမ်းတမ်းတဲ့ မြေလမ်းကို ရောက်လာကြတယ်။ သူတို့ကြည့်လိုက်ချိန် တဲအိမ်လေးရဲ့ ပုံရိပ်ကို မြင်နိုင်နေပြီ။

"နောက်ဆုံးတော့ ငါတို့ ရောက်လာပြီ" ချင်ယိထန်က အသက်ပြင်းပြင်း ရှူပြီး သက်ပျင်းချတယ်။

ဖြစ်ကတတ်ဆန်း တည်ဆောက်ထားတဲ့ ကောက်ရိုးအိမ်ဘေးမှာ သစ်ပင်တွေ မြေကြီးတွေ ကျောက်တုံးတွေနဲ့ ပေါင်းပင်တွေပဲရှိတယ်။

လင်းရှင်းမုန့်က စိတ်လှုပ်ရှားစွာနဲ့ပြောလာတယ်။ "သွားပြီး ကြည့်ရအောင်။ ကျွန်မ သဲလွန်စအချို့ ရှာတွေ့နိုင်တယ်"

ချင်ယိထန်က မျက်လုံးလှန်လိုက်တယ်။

"ဒါက ပေါက်ကရတွေပဲ မဟုတ်ဘူးလား"

သူတို့က လမ်းလျှောက်လာပြီး မြက်တဲဆီကနေ မီတာတစ်ရာအဝေးရောက်တဲ့အချိန် လုယန်က ရပ်လိုက်တယ်။ သူမက နှစ်စက္ကန့်လောက် ငုံ့ကြည့်ပြီးနောက် ကိုင်းညွှတ်ကာ အဝါရောင်မဂ္ဂဇင်းကို ကောက်ယူလိုက်တယ်။

လုယန် ရပ်သွားတာမြင်တဲ့အခါ အခြားသူတွေ အံ့ဩသွားကြတယ်။

"နင်ဘာလို့ ဒီမှာ ရပ်လိုက်တာလဲ" ဝမ်ကျန်းက မေးတယ်။

"တစ်ခုခု ရှာတွေ့လို့လား"

လုမင်ယွဲ့က လှည့်ပြီး ဇဝေဇဝါကြည့်လာတယ်။ "မဂ္ဂဇင်းက ဘာလို့ ဒီမှာရှိနေတာလဲ"

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now