အခန်း ၆၃ ဂုဏ်ယူ
လူတိုင်းရဲ့အလယ်မှာ သောင်တင်နေရတာကြောင့် NPC က မတော်တဆ အသက်အောင့်လိုက်မိတယ်။
ဒီလို ရှက်စရာအကောင်းဆုံး အခြေအနေမျိုး မရှိခဲ့ဖူးဘူး။ တကယ်တော့ အခြေအနေက ပိုပြီးတောင် စိတ်မသက်မသာ ဖြစ်စေတယ်။
သူ့သက်မွေးဝမ်းကြောင်းရဲ့ အထွတ်အထိပ်မှာ NPC က သူ ဒါကိုကိုင်တွယ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ မယုံတော့ဘူး။
လုယန်က အတည်တကျပြောတယ်။ "စာမျက်နှာ ၃ ကိုဖွင့်ပြီး ၁၂ကြောင်းမြောက် စာကြောင်းကို ကြည့်လိုက်"
"လုယန် ဒီမှာပဲ။ သူမက အဖြေနဲ့အတူရှိနေတာ"
"ငါ အဲဒီအကြောင်းကို ဂရုမစိုက်ဘူး။ မဂ္ဂဇင်းနဲ့ပတ်သတ်ပြီး ဘာက အရမ်းထူးခြားနေလဲ ကြည့်ရအောင်"
ဝမ်ကျန်းက လုယန်ဆီက မဂ္ဂဇင်းကိုယူလိုက်တယ်။
"မြန်မြန် စာမျက်နှာသုံးကို ဖွင့်လိုက်" ချင်ယိထန် အလောတကြီး ပြောတယ်။
ဝမ်ကျန်းက လှန်ဖွင့်လိုက်တယ်။ စာရွက်က အဝါရောင်ဖြစ်လာတာနဲ့အမျှ စာလုံးတွေက ဖတ်ရခက်လာတယ်။ သူမက မဖတ်ခင် အတော်ကြာအောင် မျက်မှောင်ကြုတ်ပြီး ကြည့်နေတယ်။ "ငုံးတစ်ကောင်က ကပွဲကို နောက်ကျသွားတယ်။ အဲဒီတော့ သူ့ကို လူတိုင်းက ညငုံး လို့ခေါ်ကြတယ်"
ဒီဖြစ်စဉ်အတွင်း နေရာတစ်ခုလုံးနဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းက ကိုးရိုးကားယား တိတ်ဆိတ်သွားတယ်။
"လုမင်ယွဲ့က ဒီမဂ္ဂဇင်းရဲ့ စာရေးသူလား"
လင်းရှင်းမုန့်က အလွန်ဇဝေဇဝါဖြစ်နေပြီး တွေးလိုက်တယ်။ "လုယန်က မစ်ရှင် ၃ အကြောင်းကို သိပြီးပြီလို့ စနစ်က ရှင်းရှင်းလင်းလင်းပြောထားတာပါ။ ဝမ်ကျန်းက ဒီလို ထူးဆန်းတဲ့ စာကြောင်းကို ဘာလို့ ဖတ်လိုက်တာလဲ"
နောက်မှ ဝမ်ကျန်းက ကိုးရို့ကားယားပြုံးတယ်။ "ကျွန်မတောင်းပန်ပါတယ်။ အဝေးမှုန်လို့ပါ။ ကျွန်မအမှား"
ချင်ယိထန်က ကြက်သေသေနေတယ်။ သူက မဂ္ဂဇင်းကို ဖမ်းကိုင်ပြီး အံ့အားသင့်စွာပြောတယ်။ "ငါ ကြည့်ကြည့်မယ်"

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...