89 01
အခန်း၈၉Bug
"ကျန်းယန်ကျိုး၊ဖေးယိဝူ၊ဝမ်ကျန်းနဲ့ချင်ယိထန် ဒီလေးယောက်က မင်းနဲ့ အဖွဲ့ဖွဲ့ချင်ကြတာ"
"လုယန် ကျေးဇူးပြုပြီး ရွေးချယ်ပေးပါ"ဝန်ထမ်းက စိတ်လှုပ်ရှားစွာအော်တယ်။
ချင်ယိထန်က သူ့ကိုယ်သူညွှန်ပြတယ်။ သူ့ခန္ဓာကိုယ်က ဆဲလ်တိုင်းက အော်ဟစ်နေတယ်။ ငါ့ကိုရွေး၊ငါ့ကိုရွေး၊ငါ့ကိုရွေး
လုမင်ယွဲ့ ကအရိပ်အမြွက်ပေးတယ်"ယန်ယန် ငါနင့်ကို ကာကွယ်ပေးမယ်"
လုယန် ခေါင်းကိုက်လာရတယ်။
သူပြောဖို့ ကြိုးစားနေတာကို သူမ နားလည်ပြီး သူ စိုးရိမ်နေတဲ့ အကြောင်းကို သူမ သိတယ်။
လုမင်ယွဲ့ရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူက သူ့အန်တီဖန်တွေကြောင့် သူမ ငြိစွန်းမှာကို စိုးရိမ်တာကြောင့်ပဲ။
သူတို့နှစ်ယောက်လုံးက ထိပ်ဆုံးအဆင့်ဆိုပေမဲ့ ကျန်းယန်ကျိုးက အန်တီဖန် မရှိလုနီးပါးပဲ။ ထပ်ပေါင်းရရ င်ကျန်းယန်ကျိုးရဲ့စတူဒီယိုက သဟဇာတဖြစ်မှုကို အားပေးတာကြောင့် စဉ်းစားချင့်ချိန်နိုင်တဲ့ ဖန်တွေက ကျန်းယန်ကျိုးနဲ့ အလုပ်လုပ်တဲ့ လူတွေကိုအ ပြစ်မတင်ဘူး။
"ယန်ယန် ငါတို့အဖွဲ့ကို မှတ်မိလား။ အဖွဲ့နာမည်လေ"လုမင်ယွဲ့က အခိုင်အမာ အရိပ်အမြွက်ပေးတယ်။
"အဲဒါက လူသုံးယောက်ကြားမှာ မကျေနပ်ချက်ရှိမှ" လုယန် ပြန်ဖြေတယ်။ "ယန်ယန်နဲ့ သူမရဲ့သူရဲကောင်းအစ်ကိုများ"လုမင်ယွဲ့က သူမကို အမှန်ပြင်ပေးတယ်။
လုယန် ဆွံ့အသွားတယ်။
ပရိတ်သတ်တွေက ကိုးရိုးကားယား ရယ်လိုက်ကြတယ်။
"ဒါက အရမ်းရယ်တာပဲ။ ဒါက ဘယ်လိုဂရုနိမ်းကြီးလဲ။ ငါ့မှာလူပုလေးနဲ့ မင်းသမီးခြောက်ယောက်တောင် ရှိတယ်"
သူမ အနေနဲ့သူမ အစ်ကိုကိုပဲ သဘောတူလိုက်နိုင်တယ်။
"ကျွန်မ ကျန်းယန်ကျိုးကို ရွေးတယ်"လုယန် သက်ပျင်းချတယ်။

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...