အခန်း ၇၇ ချစ်စရာကောင်း
လမ်းတစ်ခုလုံးက နေ့လည်ခင်းနေရောင်ရဲ့ နွေးထွေးမှု လွှမ်းမိုးနေပြီး အရာအားလုံးက သက်ရှိတွေရဲ့ ခွန်အားနဲ့ ပြည့်နေတယ်။
လုယန်ရဲ့ခံစားချက်က မနက်က ကောလဟလတွေကြောင့် ထိခိုက်ခြင်းမရှိဘူး။ သူမက လုမင်ယွဲ့နဲ့ ချင်စု အလုပ်လုပ်နေတဲ့အချိန် သူမရဲ့ ကိုယ်ပိုင်ကိစ္စနဲ့ တခြားအာရုံ ရောက်နေတယ်။
ဟယ်ဟွိုက်ကျင်းက သူမကို နေ့လည်က စာအုပ်စာရင်းတစ်ခု ပို့ပေးပြီး တစ်ချိန်တည်းမှာပဲ အရင်းအမြစ် နည်းနည်းရှာဖို့ ကျောင်းစာကြည့်တိုက်ကို လာလည်ဖို့ သူမကို ဖိတ်ခေါ်တယ်။
လုယန်က တက္ကစီထဲဝင်ပြီး ထွက်သွားတယ်။ စောနေသေးတာမို့ သူမက လမ်းမှာ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားတဲ့ အချိုပွဲဆိုင်ကို မြင်တဲ့အခါ အော်လိုက်တယ်။ "ဒီမှာ ခဏလောက် ရပ်ပေးပါ"
သူမက လျှောက်သွားပြီး မလိုင်ကိတ်နဲ့ matcha လက်တေးတစ်ခွက်မှာလိုက်တယ်။
အစားအသောက် လာချပေးတဲ့ လူက ဆံပင်တိုတိုနဲ့ ခပ်ပိန်ပိန်ကောင်မလေး။
"ကျေးဇူးတင်ပါတယ်"လုယန်က မသိစိတ်အရ ပြောလိုက်တယ်။
မိန်းကလေးက သူမ မျက်နှာကို မြင်တဲ့အခါ အံ့ဩစွာ ပါးစပ်ပွင့်ဟသွားပြီး လင်ဗန်းကိုင်ထားတဲ့ လက်က စိတ်လှုပ်ရှားမှုနဲ့ တုန်ယင်နေတယ်။
"အစ်...အစ်မကလုယန်လား"
လုယန်က ခေါင်းမော့ပြီး စိတ်လှုပ်ရှားနေတဲ့ သူမရဲ့ မျက်လုံးတွေနဲ့ ဆုံသွားတယ်။ "ငါက သူမနဲ့ အရမ်းတူလို့လား"
ကောင်မလေးက ပြင်းထန်စွာ ခေါင်းညိတ်ပြတယ်။ "ဟုတ်တယ် အတိအကျကို တူတာ"
ပြီးတော့ သူမတွေးလိုက်မိတယ်။ "ဟမ် တူတာလား" မိန်းကလေးက ရုတ်တရက်တစ်ခုခုကို နားလည်သွားတယ်။
"ကြည့်ရတာ ပလက်စတစ်ဆာဂျူရီက အောင်မြင်သွားတဲ့ပုံပဲ " လုယန်က သူမကိုယ်သူမ တီးတိုး ပြောလိုက်တယ်။
သူမအသံက မတိုးမကျယ်ဆိုပေမဲ့ မိန်းကလေးက ကြားသွားတယ်။
မိန်းကလေးရဲ့ မျက်နှာပေါ်က အပြုံးက ချက်ချင်း ပြုတ်ကျသွားရတယ်။

VOUS LISEZ
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...