Part 4

1.7K 214 4
                                        

အခန်း ၄ ဒီမှာ

"ကန္တာရ Season 2 : ရာသီသစ်ရဲ့ ရှင်သန်မဲ့အဖွဲ့ကတော့ @ကျိုးမော့လီ @ချင်ယိထန် @လုမင်ယွဲ့ @ဝမ်ကျန်း @လင်းရှင်းမုန့် @လုယန်။ #သဲကန္တာရမှာ ရှင်သန်ဖို့ အတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့ ခရီးစဉ်တွေကို ကြည့်ရှုဖို့ လိုက်ခဲ့ပါဦး"

Twitter ပေါ်တွင် variety show ရဲ့ ကြေညာချက်က အတော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့တယ်။

နာမည်ကြီးသရုပ်ဆောင် ကျိုးမော့လီကလွဲပြီး လူတိုင်းမျှော်လင့်ထားတဲ့ ဧည့်သည်က ချင်ယိထန်နဲ့ လုမင်ယွဲ့ပဲ။ သူတို့က တစ်ယောက်နဲ့တစ်ယောက် ရှားစောင်းစေးနဲ့ မျက်ချေးလို ဖြစ်ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ရှာဖွေမှုအဆင့်တစ်ခု မှာရှိနေတာ။

"ငါ စောင့်နေပြီဟေ့။ စွယ်စုံရ ချောမောခန့်ညားတဲ့ အမျိုးသား @ကျိုးမော့လီရဲ့ ရှင်သန်ရေးစကေးတွေကို"

"ချင်ယိထန် နဲ့ လုမင်ယွဲ့ရဲ့ ရန်ပွဲကို မျော်လင့်နေတဲ့ ငါလို တစ်ယောက်များ ရှိလား"

"မင်ယွဲ့ မင်ယွဲ့ သူ့မျက်နှာက ဆယ်လီဘရစ်တီ တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတာ။ လုမင်ယွဲ့အသစ်ကို ငါစောင့်မျှော်နေပြီ"

"စကားမစပ် ဘာလို့ အနီရောင်ကော်ဇောပေါ်မှာ ဆူဆဲပြီး လူတွေကို ရိုင်းပြတဲ့ လုမင်ယွဲ့က variety show မှာ ရှိနေသေးတာလဲ။ ဒီshow မှာ ဘာလို့ ငါ့ အိုင်ဒေါ မဟုတ်ရတာလဲ။ ငါနားမလည်ဘူး"

"လုမင်ယွဲ့က စိတ်ကူးထဲက အမျိုးသားပဲ။ လုမင်ယွဲ့ရဲ့ variety show ကို ငါ အရမ်းစောင့်မျှော်နေပြီ။ သူ့မျက်နှာက အရမ်းကို ခန့်ညားလွန်းတယ်လို့"

...

သုံးရက်ကြာပြီးနောက် ပရိုဂရမ်ကို တရားဝင်တိုက်ရိုက် ထုတ်လွှင်ခဲ့တယ်။

ပရိုဂရမ်၌ အဖွဲ့ဝင် ခြောက်ယောက်ပါပြီး အမျိုးသားသုံးယောက်နဲ့ အမျိုးသမီးသုံးယောက် ပါသည်။ အမျိုးသားများမှာတော့ လက်တလောနာမည်ကြီးနေတဲ့ "ပျက်စီးသွားသော ဂုဏ်သရေ" ဒရာမာ၌ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကျန်းမော့လီ၊ talent show မှာ ပွဲဦးထွက်ခဲ့တဲ့ ချင်ယိထန် နဲ့သူ့ကိုယ်သူ သီကုံးဖွဲ့ဆိုခဲ့တဲ့ သီချင်းကြောင့် လွန်ခဲ့တဲ့ ငါးနှစ်က နာမည်ကြီးလာတဲ့ လုမင်ယွဲ့တို့ရှိနေတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Opowieści tętniące życiem. Odkryj je teraz