အခန်း ၄၉ တုန်လှုပ်ချောက်ချား
ကျိုးမော့လီက လှည့်ပြီး မေးလာတယ်။ "လုယန် မင်းဘယ်လိုထင်လဲ"
"သူတို့ဆွေးနွေးတာကို ကိုးကားလို့ရနိုင်လား"
လုယန်က ခပ်လှမ်းလှမ်းကို ကြည့်ပြီး အတည်တကျပြောလာတယ်။ "ပရိုဂရမ်အဖွဲ့ကလူတွေ ဒီမှာ ရှိတယ်"
"ပရိုဂရမ်အဖွဲ့လား"
သူတို့ခြောက်ယောက်က လုယန်ညွှန်ပြတဲ့ ဦးတည်ရာကို ကြည့်လိုက်ကြတယ်။
ရဟတ်ယာဉ် နှစ်စင်းက သူတို့ဘက်ကို ကောင်းကင်အမြင့်တစ်ခုကနေ လာနေတယ်။ သူတို့ကြားက အကွာအဝေးနီး ကပ်လာလေ ရဟတ်ယာဉ်က ရှင်းရှင်းလင်းလင်းပေါ်လာလေပဲ။
ရဟတ်ယာဉ်ရဲ့ အနက်ရောင် ဦးပိုင်းက ဒိုင်းကာနဲ့တူတယ်။ အပြာနဲ့အနက်စပ်ထားတဲ့ ရဟတ်ယာဉ်ရဲ့ ကိုယ်ပေါ်မှာ Z6-102ဆိုတဲ့ နာမည်ကို ရှင်းရှင်း လင်းလင်း ရိုက်နှိပ်ထားတယ်။
လုမင်ယွဲ့က သမ်းလိုက်ပြီး သူ့မျက်ခွံတွေကခြေကုန်လက်ပန်းကျမှုနဲ့ လေးလံနေတယ်။
"ပရိုဂရမ်အဖွဲ့က ရုတ်တရက်ကြင်နာပြီး ငါတို့ကို လေထီးနဲ့ ရိက္ခာချပေးဖို့ ဆုံးဖြတ်လိုက်တာလား"
ဝမ်ကျန်းရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။ "တကယ်လား။ သူတို့မှာ စပိုင်စီဟော့ပေါ့ခြောက်ရှိလား။ ဘာဘီကျုရှိလား"
"ဝမ်ကျန်း ဘယ်လောက် ဆာနေလဲကြည့်ပါဦး။ ပရိုဂရမ်အဖွဲ့က စာနာမှုလေးပြသပြီး သူမကို မြန်မြန်အစာပေးလိုက်ပါဟ"
လင်းရှင်းမုန့်က ရှုပ်ထွေးနေတယ်။
သူမ မှတ်မိသလောက်ကတော့ ပရိုဂရမ်အဖွဲ့က ရိုက်ကူးရေး အစကနေအဆုံးထိ ရဟတ်ယာဉ်နဲ့ ပျံသန်းလာဖို့ နေနေသာသာ တစ်ခါမှတောင် ပေါ်မလာဖူးပါဘူး။
လင်းရှင်းမုန့်က စနစ်ကို မေးလိုက်တယ်။ "စနစ် ဒါဘာလဲ"
စနစ်က အတည်တကျပြန်ဖြေတယ်။ "ဇာတ်ကြောင်းအသစ်ကိုဖွင့်ဖို့ အမှတ်တွေလိုပါတယ်။ လုမင်ယွဲ့နဲ့ ချင်ယိထန်ကို ကယ်ဆယ်တဲ့ မစ်ရှင်ကို host မပြီးတဲ့အလျောက် host ရဲ့ အမှတ် တိုးလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် စနစ်က host ကို ဇာတ်ကြောင်းအသစ် သတင်းမပေးနိုင်ပါ"

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...