အခန်း ၃၆ ထုတ်ဖော်
"မစ်ရှင် ၇ ရဲ့ လျို့ဝှက်ညွှန်ကြားချက်ကို ထုတ်ဖော်ပြီးပါပြီ။ လုယန် နဲ့ လုမင်ယွဲ့အတွက် အမှတ်၃၀ထပ်ပေါင်းထည့်လိုက်ပါပြီ"
မစ်ရှင် ကြေညာသံကို ကြားတဲ့အချိန် လင်းရှင်းမုန့်ရဲ့ အပြုံးက အေးခဲသွားတယ်။
ချင်ယိထန်က အရင်ထက်တောင် ပိုပြီး အံ့ဩနေတယ်။
"မစ်ရှင်က အမှိုက်ကောက်ရမှာ မဟုတ်ဘူးလား။ နောက်ဆုံးရမှတ်က ၁၀ မှတ်ပေါင်းပေးတာ မဟုတ်ဘူးလား။ ဘာလို့ ထပ်ရှိနေတာလဲ။ ပိုအရေးကြီးတာက ပြီးတဲ့သူက ဘာလို့ လုမင်ယွဲ့ဖြစ်နေတာလဲ" သူအံ့ဩနေမိတယ်။
ဝမ်ကျန်းက အော်တယ်။ "အံ့ဩစရာပဲ။ ဒါပေမဲ့ လျို့ဝှက်ညွှန်ကြားချက်က ဘာလဲ"
ကျိုးမော့လီက လုယန် နဲ့ လုမင်ယွဲ့ရဲ့ ဦးတည်ရာဆီလျှောက်သွားတာကို လင်းရှင်းမုန့်မြင်လိုက်ရတယ်။ သူမက အတင်းပြုံးပြီး ပြောလာတယ်" ကျွန်မ မသိဘူး။ လုယန်ကို မေးရအောင်။ သူမ အတော်သိမယ်လို့ ထင်တယ်"
"အင်း" ဝမ်ကျန်း ပြန်ဖြေတယ်။
လုယန် နဲ့ လုမင်ယွဲ့က သူတို့တဲမှာ မရှိဘူး။ သူတို့က ပင်လယ်နားက ကျောက်တုံးကြီးမှာရှိနေကြတယ်။
လုမင်ယွဲ့က သဲတွေကို အဝေးကို ခပ်ထုတ်တယ်။ သဲအောက်မှာ မြေလွှာရှိနေတယ်။ သူက ကျောက် ပြားနဲ့ ထိုးပြီး ပတ်ပတ်လည်ကို တူးဆွတယ်။ သူက သစ်သား သေတ္တာရဲ့ ထောင့်ကို မြင်လိုက်ရတယ်။
"ရပြီ" သူက စိတ်လှုပ်ရှားပြီး အော်ဟစ်လာတယ်။
"အချိန်စောတာထက် အချိန်မှန်ရာက်လာတာက ပို့ကောင်းတယ်။ ဟားဟားဟား ငါတိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ပြီးကတည်းက လုမင်ယွဲ့ကြောင့် ရီရတာ သေတော့မယ်"
လုမင်ယွဲ့က သစ်သားသေတ္တာကို လုယန် ဆီ ကမ်းပေးပြီး သူ့လက်တွေပေါ်က ရွှံ့တွေကို ခါလိုက်တယ်။
"ယန်ယန် ငါတို့ ရတနာ ရှာတွေ့တာလား" လုမင်ယွဲ့ရဲ့ လျှာက အပေါ်နှုတ်ခမ်းကို ထိပြီး တောက် တောက်ပပပြုံးတယ်။

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...