96 01
အခန်း ၉၆ မင်း ဘယ်သူ့ကိုကယ်မှာလဲ
"ကိစ္စတွေကို အလေးအနက်ထားရမယ်"
လုမင်ယွဲ့က သက်ပျင်းအရှည်ကြီးချတယ်။ "ငါးဖမ်းတဲ့နေရာမှာ ပထမ မရတာက စာရေးသူရဲ့ အတားအဆီးနဲ့ ကြုံရသလိုပဲ လက်မခံနိုင်ဘူး"
ဖေးယိဝူ စကားပျောက်ရှသွားတယ်။
သူမရဲ့ အလွန်ထက်မြက်တဲ့ပုံရိပ်က လုမင်ယွဲ့ရဲ့ ထူးဆန်းတဲ့ တွေးခေါ်ပုံကြောင့် တကယ် ဖျက်စီးခံရတော့မယ်။
ဖေးယိဝူက လရန်က လေးစားမှုနဲ့ ကြည့်ပြီးတွေးလိုက်တယ်။ "ဒီလိုအစ်ကိုနဲ့ ကြီးပြင်းလာရတာ တော်တော်ခက်ခဲမှာပဲ"
"လုမင်ယွဲ့က တကယ့်ကို ဝတ္ထုထဲက အလိုလိုက်ခံထားရတဲ့ ဇနီးသည်နေရာကို တကယ်ယူလို့ရတယ်"
"ဟားဟားဟား ယိဝူတော့ သူမဘဝကို ထပ်ပြီး မေးခွန်းထုတ်နေပြီ"
"လုမင်ယွဲ့က သူ့ညီမရှေ့မှာ အရမ်းပေါတောတော နေနေတာမို့ ဝမ်ကျန်းလဲ လုမင်ယွဲ့နဲ့ ပြိုင်မငြင်းနိုင်ဘူးဆိုတာ လူတိုင်း မေ့သွားကြတာပဲ"
လုမင်ယွဲ့ရဲ့ မျက်လုံးတွေက ကျန်းယန်ကျိုးကို အေးစက်စွာ စိုက်ကြည့်ပြီး ဒေါသက ပျံ့နှံ့လာတယ်။ "ယန်ကျိုး မင်း ငါးဖမ်းနည်းအတန်း ခိုးသင်ထားတာမလား"
ကျန်းယန်ကျိုးက တည်ငြိမ်စွာ ဖြေတယ်။ "ငါ နောက်ဆုံးအကြိမ်လာတုန်းက"
လုမင်ယွဲ့က ချက်ချင်း ပြုံးသွားတယ်။ "ယန်ယန်က ပထမပဲ။ ငါ သူမအတွက် အရမ်းဂုဏ်ယူတယ်"
လုယန်က ဆွံ့အသွားပြီး သူမ တွေးလိုက်တယ်။ "ကြည့်ရတာ ငါ့ငတုံးအစ်ကိုရဲ့ အမြင်အာရုံက အရမ်းမကောင်းတဲ့ပုံပဲ"
ဖေးယိဝူလဲ စကားပျောက်ရှသွားပြီး တွေးလိုက်တယ်။ "ဒါက မဖြစ်နိုင်တာကြီး။ သူပဲ ကိစ္စတွေကို အလေးအနက်ထားရမယ်လို့ ပြောတာ မဟုတ်ဘူးလား။ သူက ပထမရသူရဲ့ မျက်နှာကို မြေကြီးပေါ် ပွတ်တိုက်ပစ်တော့မဲ့ ပုံပေါက်နေတာ မဟုတ်ဘူးလား"
လုယန်က ရုတ်တရက် သူမအပေါ် တောက်ပနေတဲ့ အလင်းရောင်နည်းသွားသလို ခံစားရတယ်။ သူမက ခေါင်းမော့လိုက်ရာ ကျန်းယန်ကျိုးက ချစ်ချစ် တောက်ပူနေတဲ့ နေရောင်ကို ကာပေးထားမှန်း မြင်လိုက်ရတယ်။

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...