Part 80

306 27 0
                                        


80 01

အခန်း ၈၀ မှန်ကန်တဲ့လမ်း


ချန်ကျဲ့လင်းရဲ့ ဒေါသက လောင်ကျွမ်းသွားပေမဲ့ သူ ပေါက်ကွဲစရာနေရာမရှိဘူး။ သူက လက်သီးတင်းတင်းဆုပ်ပြီး ကျန်းကျင်းချီရဲ့ လက်မောင်းကို ဆွဲဖို့ လက်ဆန့်လိုက်တယ်။

"သောက်ကလေး မင်းက ငါ့ကို ကျိန်ဆဲရဲတယ်"

လုယန်က သူ့လက်ကောက်ဝတ်ကို ဖမ်းကိုင်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ သူမက လုံးဝအေးစက်နေပြီ။ "နင် မလိုချင်တော့ဘူးဆိုလဲ နင့်လက်မောင်းကို လှူနိုင်တယ်"

သူမက မျက်လုံးတွေကို ငုံ့လာရင်း သူမမျက်စံတွေက အရမ်းစူးရှပြီး အေးစက်နေကာ ပြင်းထန်တဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားနိုင်တယ်။

ချန်ကျဲ့လင်းက ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး သူ့နှလုံးသားက ကြောက်ရွံ့မှုနဲ့ ပြည့်နေတယ်။

လုယန်က အနိုင်ကျင့်လို့ အလွယ်ဆုံးဆိုတာ သူ မှတ်မိပါတယ်။ သူမက အမြဲတမ်း သူမ ဒေါသကို မျိုချပြီး ပြုံးနေတာ။ သူမက အားနည်းပြီး အသုံးမကျဘူး။

"အခု သူမက ဘာလို့ ဒီလိုဖြစ်သွားတာလဲ" သူ တွေးလိုက်တယ်။

ချန်ကျဲ့လင်းက သူ့အတွေးတွေထဲ ကျရောက်နေချိန် လုယန်က သူ့လက်ကောက်ဝတ်ကို လိမ်လိုက်တယ်။ သူက စူးရှတဲ့နာကျင်မှုကြောင့် မချိမဆံ့ အော်ငိုတယ်။

"အားးးငါ့လက်"

စက်ဆုပ်ရွံရှာစွာနဲ့ လုယန်က သူလက်ကို လွှတ်လိုက်တယ်။ မချိမဆံ့ ခံစားနေရတဲ့ ချန်ကျဲ့လင်းက သူ့လက်မောင်းကို ဆုပ်ကိုင်ထားတယ်။ သူ့မျက်နှာက မချိတင်ကဲ ဝေဒနာကနေ ရက်စက်တဲ့ ဘက်ကို ပြောင်းသွားတယ်။

သူက ဆိုးဝါးတဲ့ စကားအတွဲလိုက်ကို ပြောချင်ပေမဲ့ သူ့ပါးစပ်က ထွက်လာတဲ့ စကားတွေက အခြေအမြစ် မရှိဘူး။ ချန်ကျဲ့လင်းက ဒေါသတကြီးနဲ့ စိန်းစိန်းဝါးဝါး ကြည့်တယ်။ "လုယန် မင်း ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား"

ကျန်းကျင်းချီက သူ့ရဲ့ ကြီးမားတဲ့ မျက်လုံးကြီးတွေကို ပုတ်ခက်ပုတ်ခက်လုပ်ပြီး လက်ခုပ်ဩဘာ ပေးလိုက်ချင်ပေမဲ့ သူပြန်ထိန်းလိုက်တယ်။ သူ တွေးလိုက်တယ်။ "ငါတို့ အရမ်း မကျယ်သင့်ဘူးလို့ မမယန်ယန်က ပြောတယ်"

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now