အခန်း ၃၇ ထုတ်ဖော်
လင်းရှင်းမုန့်က ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ သူမက လုယန်ကို ကြည့်ပြီးမေးလိုက်တယ်။ "အပိုမစ်ရှင် ၂ နဲ့ ၃ ကို နင်ဘယ်လို သိတာလဲ"
ချင်ယိထန်နဲ့ ဝမ်ကျန်းက အပိုမစ်ရှင် ၃ကို ရှာတွေ့တဲ့အချိန် အပိုမစ်ရှင် ၂ ကို သူမနဲ့ ကျိုးမော့လီ ရှာတွေ့တာ။
"ငါတို့ဘယ်သူကိုမှ မပြောပါဘူး ဒါဆို လုယန်က အပိုမစ်ရှင် ၂ နဲ့ ၃ ကို ဘယ်လိုသိတာလဲ" သူမ သိချင်မိသွားတယ်။
လုယန် ပြုံးတယ်။ "စနစ်က ဆက်သွယ်တာ။ နင်တို့သာ သဲလွန်စကို ဖွင့်လိုက်ရင် တူညီတဲ့ သတိ ပေးချက်ကို လူတိုင်းရဲ့ နာရီမှာ လက်ခံရလိမ့်မယ်"
ဒါကို ကြားတဲ့အခါ လူတိုင်း ကြက်သေ သေသွားတယ်။
" သတိပေးချက် ထွက်လာတိုင်း လုယန်က သူမနာရီကို ကြည့်ကြည့်နေတာ အံ့ဩစရာမရှိပါဘူး။ သူမက သဲလွန်စတွေကို ကြည့်နေတာပဲ"
"ပရိုဂရမ်အဖွဲ့သစ်က နည်းပညာ အရမ်းဆန်တာပဲ။ ပထမအပိုင်းရဲ့ တည်ဆောက်ပုံက လုံးဝ လျော့သွားတယ်"
"ကန္တာရ ရဲ့ ပထမပိုင်းက လူသားမျိုးနွယ်မှာ ဆင်းရဲမှု မှတ်တမ်းတစ်ခုပဲ။ ဒုတိယပိုင်းမှာတော့ အချိန်ကြာလာတာနဲ့အမျှ နည်းပညာဖွံ့ဖြိုးလာတာကို ဖော်ပြထားတယ်"
ကျိုးမော့လီရဲ့ စူးစိုက်အကြည့်က လုမင်ယွဲ့ရဲ့ လက်ထဲမှာ ရှိတဲ့ ပုလဲလုံးကနေ လုယန် ရဲ့ တောက်ပပြီး လှပတဲ့ မျက်နှာကို ပြောင်းသွားတယ်။
"သစ်သားသေတ္တာ ဘယ်ကလဲ" သူမေးလိုက်တယ်။
လုယန် ကဲ့ မျက်လုံးတွေက လက်နေပြီး သူမအသံက ကြည်လင်ချိုမြနေတယ်။ " အပိုမစ်ရှင် ၃မှာ ပါတဲ့ ဓာတုဗေဒ ဓာတ်မြေဩဇာ နဲ့ ပိုးသတ်ဆေးအကြွင်းအကျန်တွေက အန္တာရာယ်ရှိတဲ့ ဓာတုဗေပစ္စည်းတွေ ကို ညွှန်ပြတယ်။ အဲ့ဒါကို သစ်ထွင်းအက္ခရာနဲ့ အဝတ်ပေါ်မှာရေးထားတယ်။ ထပ်ပေါင်းရရင် ဦးခေါင်းခွံနဲ့ ကြက်ခြေခက် အရိုးတွေကို အဆိပ်ရှိ ဂက်စ်တွေ အပါအဝင် အသေဓာတ်ပေါင်းတွေအတွက် သင်္ကေတအနေနဲ့ သုံးထားတာ"

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...