အခန်း ၁၀ စစ်ဆင်ရေး
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ထွက်သွားတော့မဲ့ အင်တာနက်အသုံးပြုသူတွေက အသံကို ကြားပြီး ချက်ချင်းတတ်ကြွလာတယ်။
"ဝှက်သယ်ဖာခ့် လွန်ခဲ့တဲ့တစ်မိနစ်က လုမင်ယွဲ့ရဲ့လက်ထဲမှာ ရွက်ဖျင်တဲက ဖရိုဖရဲနဲ့ မရေတွက်နိုင်လောက်အောင် ရယ်စရာကောင်းနေတာကို ငါ ဘယ်လိုကြောင့် အမှတ်ရနေတာလဲ"
"ဘာတွေဖြစ်ကုန်တာလဲ။ သူမက အဲ့ဒါတွေကို တစ်ကြိမ်တည်းနဲ့ ပင့်မသွားနိုင်တာလား။ ထောင့်လေးထောင့်ထက် ပိုလုပ်ရတယ်လေ။ ဝါး တူရာစုပြီး အချိန်တိုအတွင်း ပြီးသွားတယ်"
"ငါ့ရဲ့ ပရော်ဖက်ရှင်နယ် သူငယ်ချင်းပြောတာတော့ သူတို့ဆို ရွက်ဖျင်တဲဆောက် ပြိုင်ပွဲအတွက် ၂မိနစ်နဲ့ ၂၆စက္ကန့်ယူရတယ်တဲ့။ ဒီအရှိန်က ကမ္ဘာဂရင်းနစ်စံချိန်ကို ချိုးခဲ့တာထက် ပိုမြန်တယ်"
"ရှိုးက တကယ်ပဲ တိုက်ရိုက်ထုတ်လွှင့်မှုလား ဒါမှမဟုတ် ရိုက်ကူး ပြင်ဆင်ပြီးမှ တိုက်ရိုက်လွှင့်တာ ဖြစ်နိုင်လား။ ဒီအရှိန်နဲ့ တိုက်ရိုက်လွှင့်တာ မဖြစ်နိုင်ဘူး"
"အကျိုးနည်း တိုက်ရိုက်ထုတ်လွှင့်ခန်းကို ဝင်လာတဲ့လူက ဂရင်းနစ်စံချိန် မှတ်တမ်း ကျွမ်းကျင်သူလား။ မင်း အဟက်မခံရတာ သေချာရဲ့လား"
"ငါ စင်ဂယ်ဖြစ်နေတာ အတော်ကြာပြီ။ အဲ့တော့ အခု ရွက်ဖျင်တဲတောင်မှ ငါ့အတွက် ကြည့်ကောင်းနေတယ်"
"ငါအခု အရမ်းဝိရောဓိဖြစ်နေတယ်"
ကင်မရာထဲတွင် လုယန်ရဲ့ နူးညံ့တဲ့ အနက်ရောင်ဆံနွယ်တွေက လေထဲမှာ ယိမ်းနွဲ့နေတယ်။ သူမအသားအရေက ဖြူဖွေး၊ ချောမွတ်ပြီး သူမမျက်လုံးတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ သူမက အက်ကွဲလွယ်တဲ့ သွယ်လျလျ ကြွေထည်အရုပ်လေးလိုပဲ။
သူမရဲ့ နူးညံ့တဲ့အလှက ရွက်ဖျင်တဲရှေ့မှာ ရပ်ရင်း သူမနဖူးပေါ်က ပါးလွှာတဲ့ ချွေးကြောင့် ပိုပြီးတိုးမြှင့်သွားတယ်။
ပရိုဂရမ်အဖွဲ့အပါအဝင် လူတိုင်းက အံ့အားသင့်နေကြတယ်။ သူတို့က ဒီလို ဖြစ်ပေါ်လာတဲ့ အခြေအနေမျိုးကို မမျှော်လင့်ထားဘူး။

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...