အခန်း ၈ ကင်မရာကို ဖြတ်ပြီး ထိုးဖောက်ဝင်
"ဟုတ်တယ်" ဒါရိုက်တာပြန်ဖြေလိုက်တယ်။
ဝမ်ကျန်းက သူမလက်ကို မြှောက်လိုက်တယ်။ "ကျွန်မရဲ့အခွင့်အရေးကို ကျွန်မအဖွဲ့ဝင်ဆီ ပေးလို့လား မေးပါရစေ" သူမသာ အမှန်မပစ်နိုင်ရင် သူမအဖွဲ့ဝင်ကို ဆွဲချမိလိမ့်မယ် ကြောက်စရာ ကောင်းလွန်းတယ်။
"မရဘူး" ဒါရိုက်တာက အပြုံးတစ်ခု အတင်းလုပ်ပြုံးပြလာတယ်။
variety show ကောင်းတစ်ခုက ကစားသမားကောင်းတွေ မလိုဘူး။ သူတို့ကလဲ နှိုင်းယှဉ်တာကို လိုချင်တာ။ ခြားနားချက်တွေကိုပဲ ကြည့်ပြီး စကားပြောမဲ့ အရာတစ်ခုပဲ။
ဝမ်ကျန်းက စိတ်ပျက်လက်ပျက် နှုတ်ခမ်းစူလိုက်တယ်။ "ကောင်းပါပြီ" ဝန်ထမ်းက လူခြောက်ယောက် တစ်ယောက်ချင်းစီကို မြှားလေးချောင်းဝေပေးတယ်။ လုမင်ယွဲ့က မြှားတွေနဲ့ ကစားနေတဲ့ လုယန်ကို ကြည့်ပြီး အသံနိမ့်နိမ့်နဲ့ ပြောလိုက်တယ်။ "လုယန် ငါနဲ့ လွှဲထားလိုက်။ ပစ်လိုက်ရုံပဲ။ ဖိအားမခံစားနဲ့"
လုယန်က သူမမျက်လုံးတွေကို မော့လာပြီး ခပ်လှမ်းလှမ်းက ပစ်မှတ်ကို တစ်ချက်ကြည့်လိုက်တယ်။ "ဟုတ်ပြီ" သူမပြန်ဖြေလိုက်တယ်။
ချင်ယိထန်က ရှေ့ကို နှစ်လှမ်းတိုးပြီး ပစ်မှတ်ကို မြှားတစ်ချောင်းပစ်လိုက်တယ်။ အစကောင်းပဲ။
"၈မှတ်"
ကျယ်လောင်တဲ့ လက်ခုပ်သံက ချက်ချင်းထွက်လာတယ်။
အံ့အားသင့်နေတဲ့ ဝမ်ကျန်းက ခပ်တိုးတိုးနဲ့ ဝိုးတိုးဝါးတား ပြောလိုက်တယ်။ "ရှင်က အရမ်း အသုံးဝင်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး"
ချင်ယိထန်က လုမင်ယွဲ့ကို ရန်စတဲ့ အကြည့်တစ်ချက် ပေးလိုက်ပေမဲ့ ဝမ်ကျန်းရဲ့စကားတွေကို ကြားလိုက်ရချိန် သူမကို ဇဝေဇဝါ လှည့်ကြည့်လိုက်သည်။
သူက လုံးဝ ရှုပ်ထွေးနေသလို ခံစားလိုက်ရတယ်။
အားလုံးရဲ့ မျက်လုံးတွေက သူမအပေါ်ကျရောက် လာတယ်။ ဝမ်ကျန်းက နောက်ကျမှ နားလည်သွားပြီး ကိုးရိုးကားယားပြုံးကာ သူမရဲ့ပင်ကိုယ် အပြုံးတုတစ်ခုကို ပြသလိုက်တယ်။ "ကျွန်မက မြှားကို ဆိုလိုတာ။ ဒီမြှား...."

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...