79 01
အခန်း ၇၉ အကြံသမား
လုယန်ရဲ့ မျက်နှာက အပြုံးတွေနဲ့ ပြည့်နေတယ်။ "ဒါဆို ပြီးပြီ။ WhatsApp ကနေ ကျွန်မကို လိပ်စာပို့လိုက်ပါ။ ဒီည ကျွန်မ လာရှာမယ်"နောက်ဆုံး စာကြောင်းကို ကျန်းယန်ကျိုး ကြားတဲ့အချိန် mask နောက်ကွယ်က သူ့ပါးစပ်ထောင့်တွေဟာ ဖြည်းဖြည်းချင်း ကွေးသွားတယ်။ "ကောင်းပြီ"
ကျန်းကျင်းချီက ဆွံ့အသွားပြီး တွေးလိုက်တယ်။ "ငါ့ရဲ့အရူး ရှုရှုက မမယန်ယန်ရဲ့ နံပါတ်ကို ငါ့ကိုမပြောပြဘဲ တိတ်တိတ်လေး အပ်ထားတယ်"
လုယန်ရှေ့မှာ သူ့ရဲ့ အကောင်းဆုံး အပြုအမူကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ ကျန်းကျင်းချီက ကျန်းယန်ကျိုးရဲ့ အကျင့်မကောင်းတဲ့ အပြုအမူကို သုံးခါလောက် တိတ်တဆိတ် ပြစ်တင်လိုက်တယ်။
ဒါရိုက်ဘာက အမြင်မှာစောင့်နေပြီး လုယန်ကို မြင်တဲ့အခါ တံခါးဖွင့်ပေးတယ်။
လုယန်နဲ့ ကျန်းကျင်းချီက လက်ပြ နှုတ်ဆက်ပြီး ထွက်ခွာသွားတယ်။
ကျောက်ယန်ရှုက အဝေးမောင်းနှင်သွားတဲ့ ကားကို ကြည့်ပြီး သူ့နောက်က လူကို တစ်ချက် ကြည့်လိုက်တယ်။ သူက အတည်ကြီး ထပြောလာတယ်။ "ငါ ဒါကို မမျှော်လင့်ထားဘူး"
ကျန်းယန်ကျိုးက မေးလာတယ်။ "မင်းက ဘာကို မမျှော်လင့်ထားတာလဲ"
"ညီမလေးယန်ယန်က မင်းကို စနောက်နေတဲ့သူ မဟုတ်ဘူးလို့ မထင်ထားဘူး"
ကျောက်ယန်ရှုက နောင်တရစွာ တွေးလိုက်တယ်။ "ကျန်းယန်ကျိုး အကြံသမား"
ကျန်းယန်ကျိုးက အများကြီးမတွေးပေမဲ့ ခဏကြာပြီးနောက် သူပြောလာတယ်။ "အလုပ်ဖြစ်တာ ကောင်းတယ်"
ကျောက်ယန်ရှုက သူ့ကို လက်မကြီး ပေးလိုက်တယ်။
သူက ကျန်းယန်ကျိုးကို အတော်ကြာသိခဲ့ပေမဲ့ ကျန်းယန်ကျိုးက အလွယ်တကူ ရှက်တတ်ပြီး စနောက်တတ်တဲ့သူလို့ သူ တစ်ခါမှ...မတွေးမိဖူးဘူး။ ဒါပေမဲ့ ကျန်းယန်ကျိုးက လုယန်နဲ့တွေ့ပြီး ပြောင်းလဲသွားတယ်ပေါ့။

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...