Part 82

279 29 0
                                        


82 01

အခန်း၈၂နာခံ

"ကျွန်မက ရှင်အဝတ်ချွတ်တာကို တားနေလို့လား"

ဒါကိုကြားတဲ့အခါ ကျန်းယန်ကျိုး ဆွံ့အသွားတယ်။

အဲဒီဆေးပညာလေ့လာတဲ့ သူတွေက အသေးစိတ် အချက်အလက်တွေကို ဂရုမစိုက်တတ်သည်မှာ လုယန်က ခြွင်းချက်မဟုတ်ပေ။ ဒါ့အပြင် သူမက သူ့အဝတ်တွေ ချွတ်ဖို့ အရင်ဆုံးပြောတဲ့သူ။ သူမရဲ့တုံ့ပြန်မှုက တစ်ဖက်လူရဲ့စိတ်ကူးယဉ်မှုကို ပျက်စီးစေပြီး သူမ နဲ့ပရောပရီလုပ်ဖို့ ကြိုးစားနေတဲ့ တစ်စုံတစ်ယောက်နဲ့တူပေမဲ့ နောက်ဆုံးကျတော့ သူမကြောင့် ပြန်ဖလစ် ခံလိုက်ရတယ်။ ဒါပေမဲ့ ဒီတိကျတဲ့ အခိုက်အတန့်လေးမှာ လုယန်က သူမ ရှေ့က အလွယ်တကူ ရှက်တတ်တဲ့ လူကြောင့် သူမ လေသံက နည်းနည်း မသင့်လျော်သလို ဖြစ်သွားတယ်လို့ ခံစားလိုက်ရတယ်။

"ကျွန်မ ကလေးကတည်းက ကျွန်မအစ်ကို အင်္ကျီမရှိတာကို မြင်ဖူးနေကျပဲ။ ရှင်တို့က အတူတူပဲလေ"သူမ ရှင်းပြတယ်။

"လုံးဝ မတူဘူးပေါ့" သူ့အသံက အရမ်းတိုးပြီး သူမ သူ ပြောတာကို ရှင်းရှင်းလင်းလင်း မကြားနိုင်ဘူး။

လုယန်က သူမ သောက်စရာကို တည်ငြိမ်စွာသောက်ပြီး ထရပ်လိုက်တယ်။ သူမ တံခါးဆီ လျှောက်သွားတော့မဲ့ အချိန်လေထဲက လျှပ်စစ်တစ်ဖြောက်ဖြောက်မြည်သံက သူမကို ရုတ်တရက် ရပ်သွားစေတယ်။

အလင်းရောင်ပေးနေတဲ့ မီးက မပျက်သွားခင် အကြိမ်အနည်းငယ်လောက် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားတယ်။ အခန်းက မှိန်ပျပျအလင်းလေးပဲရှိပြီး သူမက အံ့အားသင့်စွာ မျက်တောင် ခတ်လိုက်တယ်။ "လျှပ်စစ်ပြတ်တောက်သွားတာလား"

လုယန်က လှည့်ပြီး ကျန်းယန်ကျိုးကို စကားပြောချင်ပေမဲ့ သူမက နီးကပ်လာတဲ့ သူနဲ့ တိုက်မိသွားတယ်။

သူ့ရဲ့အနက်ရောင်ရှပ်က ကျယ်ကျယ်ဖွင့်ထားပြီး သူ့ရဲ့ဆက်ဆီကျတဲ့ ညှပ်ရိုးတွေကို ထုတ်ဖော်ပြနေပြီး ဖြူဖွေးနေတဲ့ အေးစက်စက်အသားအရေက သန်မာတဲ့ အမြင်အာရုံသက်ရောက်မှု ဖြစ်စေတယ်။

အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်Where stories live. Discover now