91 01
အခန်း ၉၁ တစ်ဖန်ပြန်ပေါ်လာ
လုယန်က အကူအညီမဲ့စွာ သက်ပျင်းချတယ်။ သူမက အပြုံးတုတစ်ခုတပ်ဆင်ပြီး ဝန်ထမ်းကို ပြောတယ်။ "ဒီမှာပဲ ထားလိုက်ပါ။ ကျေးဇူးတင်ပါတယ်"
ဧည့်သည်တွေက သူတို့ရတဲ့ အထောက်အပံ့တွေကို ဘာမဆိုလုပ်နိုင်တယ်။ အခု လုမင်ယွဲ့နဲ့ ငြင်းခုံနေရမဲ့အစား အရင်လက်ခံထားပြီး နောက်မှ သူ့ကိုပေးလိုက်မယ်။
ဝန်ထမ်းက ကျန်းယန်ကျိုးနဲ့ ဖေးယိဝူကို လှည့်ကြည့်ပြီး ကိုးရိုးကားယားပြုံးတယ်။ "ကျွန်တော်တို့ရဲ့ စိန်ခေါ်သူနဲ့ ယာယီဧည့်သည်က ရသစုံရှိုးမှာ ပထမဆုံးပါဝင်လာတာဆိုတော့ သူတို့လဲ အထုပ်ရှိပါမယ်"
ပရိုဂရမ်အဖွဲ့က ကိစ္စတွေကို အရမ်းဆိုးဆိုးကြီး မလုပ်ရဲတာကြောင့် ဧည့်သည်အသစ်တွေရဲ့ အထုပ်က သူတို့ပထမဆုံးလက်ခံရတဲ့ဟာထက် နည်းနည်းပဲ ပိုကောင်းတယ်။
အထောက်အပံ့တွေကို ဝေငှပေးပြီးနောက် ပရိုဂရမ်အဖွဲ့ရဲ့ ထုတ်လွှင့်မှုထွက်ပေါ်လာတယ်။ "ဧည့်သည်တွေအတွက် အဆင့်မြင့်တဲတွေ ပြင်ဆင်လို့ပြီးပါပြီ။ ကျေးဇူးပြုပြီး တဲဧရိယာကို ရွှေ့ပြီး မစ်ရှင်သဲလွန်စတွေကို ရဖို့ လှုပ်ရှားကြပါ"
သားနားတဲ့ တဲက ထိပ်တန်းတန်ဖိုးနဲ့ လေးမီတာရှည်တဲ့ တံ့တိုင်မွှေးနဲ့လုပ်ထားတာ။ အရင်တဲတွေနဲ့ လုံးဝမတူဘူး။
"ဒီရသစုံရှိုးက ငွေ့အနံ့တွေပြည့်နေတာ ငါ ပြောနိုင်တယ်"
"ပရိုဂရမ်အဖွဲ့က ထောက်ခံချက်အသစ်ကို ရိုက်ကူးနေတုန်း ငါတို့ဆီကို သူတို့ ကိုယ်တိုင်ရောက်လာတာ"
တဲကကြီးပြီး လေးလုံးပဲရှိတာမို့ တဲတစ်ခုမှာ နှစ်ယောက်နေရမဲ့ အဓိပ္ပါယ်ပဲ။
ဒါကို တွေးလိုက်တဲ့အခါ လင်းရှင်းမုန့်ရဲ့ မျက်လုံးတွေက မျှော်လင့်ချက်နဲ့ တောက်ပသွားတယ်။
အဖွဲ့တွေအတိုင်းဆို သူမက ကျိုးမော့လီနဲ့အဖွဲ့တူတူပဲ။
ရုတ်တရက် ဆင်ဆာဖြတ်သွားတဲ့ စနစ်က အခုမှ ထပြောလာတယ်။ "ရမ္မက်လွှမ်းနေတဲ့ အခြေအနေအတွက် Host ကြိုတင် တောင်းဆိုရလိမ့်မယ် အမှတ်တွေကို ယူသွားရလိမ့်မယ်"

YOU ARE READING
အစ်ကိုကြီးနဲ့အတူတူ ရှင်သန်ရေးဂိမ်းထဲ ဝင်ကစားမယ်
Actionဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်မှန်း သိလိုက်ရတော့ သူ့အစ်ကိုကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီး ရှိုးပွဲမှာ ပါဝ...